
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အာရှဘောလုံးအဖွဲ့ချုပ်(AFC) ၏ အစီအစဉ်တစ်ရပ်ဖြစ်သည့် AFC Women's Football Day 2025 အမျိုးသမီးဘောလုံးပွဲတော်ကို ပြီးခဲ့သည့်မတ် ၈ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် AFC Women's Football Day 2025 အမျိုးသမီးဘောလုံးပွဲတော်ကို ရန်ကုန်မြို့ရှိ MFF Futsal Stadium တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
AFC Women's Football Day 2025 အမျိုးသမီးဘောလုံးပွဲတော်အဖြစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း၊ YRG အမျိုးသမီးဖူဆယ်အသင်းနှင့် YREO အမျိုးသမီးဖူဆယ်အသင်း လေးသင်းတို့သည် ချစ်ကြည်ရေးအဖြစ် ဖူဆယ်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ယင်းချစ်ကြည်ရေးဖူဆယ်ခြေစမ်းပွဲများအပြီးတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း(အဖြူရောင်) က အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
MFF သည် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးဘောလုံးပွဲတော်ကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် ပူးပေါင်း၍ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။