Eleven Media Group

ဂါဗီနှင့် ဖာမင်လိုပက်ဇ်တို့ကို လာမည့်နွေရာသီတွင် ဘာစီလိုနာအသင်း ရောင်းထုတ်ဖွယ်ရှိ

Photo: X

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် အသင်းမှလူငယ်ကစားသမားများဖြစ်သည့် ဂါဗီနှင့် ဖာမင်လိုပက်ဇ်တို့ကို ရောင်းထုတ်ဖွယ်ရှိနေကြောင်း Relevo က ဖော်ပြခဲ့သည်။
ဂါဗီနှင့် ဖာမင်လိုပက်ဇ်တို့ (၂) ဦးစလုံးသည် နည်းပြ ဟန်ဆီဖလစ်ခ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။
ဘာစီလိုနာအသင်းသည် လာမည့်နွေတွင် လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ်၊ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေရာ ယင်းအတွက် ရန်ပုံငွေရှာသည့်အနေဖြင့် အသင်းမှကစားသမားအချို့ကို ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် လာမည့်နွေတွင် ခရစ္စတန်ဆန်နှင့် ဖရန်ကီဒီယွန်းတို့ကို ရောင်းထုတ်ရန် စီစဉ်နေပြီး လိုအပ်ပါက ငွေကြေးများစွာရရှိနိုင်သည့် ဂါဗီနှင့် ဖာမင်လိုပက်ဇ်တို့ကို ရောင်းထုတ်ဖွယ်ရှိနေကြောင်း Relevo က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဂါဗီကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေပြီး ယူရိုသန်း(၆၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group