Eleven Media Group

Adidas နှင့် လီဗာပူးလ်အသင်း ဝတ်စုံစပွန်ဆာစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး တစ်နှစ်ပေါင်သန်း(၆၀)အထက် တန်ကြေးရှိမည်

Photo: Adidas

လီဗာပူးလ်အသင်းသည် နာမည်ကျော်ဂျာမန်အားကစားအသုံးအဆောင်ကုမဏီ Adidas နှင့် ဝတ်စုံစပွန်ဆာစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး တစ်နှစ်ပေါင်သန်း(၆၀)အထက် တန်ကြေးရှိမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်းသည် လက်ရှိအချိန်တွင် Nike ဝတ်စုံကို ဝတ်ဆင်နေပြီး လာမည့်ရာသီတွင် Adidas ဝတ်စုံကို ပြောင်းလဲဝတ်ဆင်သွားမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် Adidas နှင့် ၁၉၈၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၀၆ မှ ၂၀၁၂ ခုနှစ်အထိ တစ်ကြိမ် လက်တွဲခဲ့ဖူးပြီး ယခုအခါ တတိယအကြိမ် လက်တွဲခြင်းဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းက Adidas နှင့် ချုပ်ဆိုသည့် စာချုပ်သက်တမ်းနှင့် တန်ဖိုးပမာဏကို ဖော်ပြခြင်းမပြုသော်လည်း ဗြိတိန်မီဒီယာများက တစ်နှစ်ပေါင်သန်း(၆၀)အထက်ဖြင့် (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
လက်ရှိ ပရီးမီးယားလိဂ်အသင်းများထဲတွင် ဝတ်စုံစပွန်ဆာတန်ဖိုး အမြင့်ဆုံးအဖြစ် ရပ်တည်နေသည့်အသင်းမှာ မန်ယူအသင်းဖြစ်ပြီး Adidas နှင့် ချုပ်ဆိုထားသောစာချုပ်အရ တစ်နှစ်ပေါင်သန်း(၉၀) ရရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group