
PSG အသင်း၏ တိုက်စစ်ကစားသမား ခါဗရာစကယ်လီယာက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်းကို အနိုင်ယူကျော်ဖြတ်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။
PSG အသင်းသည် ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် အိမ်ကွင်း၌ လီဗာပူးလ်အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့သော် ယင်းပွဲတွင် အသာစီးဖြင့် ကစားနိုင်ခဲ့သည့်အတွက် ခါဗရာစကယ်လီယာက ဒုတိယအကျော့တွင် ပြန်လည်အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်က အန်ဖီးလ်ကွင်းမှာ ကစားဖူးတဲ့ တစ်ဦးတည်းသော PSG ကစားသမားမဟုတ်ပါဘူး။ ကစားသမားအများစုက အန်ဖီးလ်ကွင်းမှာ ကစားရမယ့်အခြေအနေကို သိထားကြပါတယ်။ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကို အားပေးမယ့် ပရိသတ်တွေလည်း အဲဒီမှာ ရှိနေမှာပါ။ အရေးအကြီးဆုံးက ဘောလုံးကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစားဖို့ပါပဲ။ အဲဒီပွဲက ဒီရာသီမှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးပွဲလို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အဲဒီပွဲကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှည်ကြာနိုင်သမျှ ရှည်ကြာအောင် ဆက်ရှိဖို့ပါ''ဟု ခါဗရာစကယ်လီယာက ပြောကြားခဲ့သည်။
PSG အသင်းသည် ပြင်သစ်လိဂ်တွင် အောင်မြင်မှုများစွာ ရရှိနေသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ လက်ရှိအချိ်န်အထိ ဆုဖလားရယူနိုင်ခြင်းမရှိသေးပေ။
ထို့ကြောင့် ထိပ်တန်းကစားသမားများ ခေါ်ယူအားဖြည့်လျက်ရှိရာ ခါဗရာစကယ်လီယာသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် နာပိုလီမှ ရောက်ရှိခဲ့သူဖြစ်သည်။