
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က PSG အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် (၁၆)သင်းအဆင့် ပထမအကျော့တွင် PSG ကို အနိုင်ရထားသော်လည်း အာနယ်ဆလော့က ယင်းရလဒ်မှာ အလွန်ကံကောင်းခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ဖူးသည်။
ယခုအခါ အာနယ်ဆလော့က ''ကျွန်တော်တို့ PSG နဲ့ပွဲမှာ ဒီရာသီအတွင်း အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်တွေထဲမှာ ပြီးပြည့်စုံမှုအရှိဆုံးအသင်း ဖြစ်နေတာကြောင့်ပါ''ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်တွင် ချန်ပီယံဆုရရှိရန် သေချာသလောက်ဖြစ်နေပြီး လိဂ်ဖလားတွင်လည်း ဗိုလ်လုပွဲရောက်ရှိနေသည်။
ထို့ကြောင့် ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်ခွင့်ရှိနေကြောင်းလည်း သိရသည်။