
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မှာ မိမိတို့အတွက် အောင်ပွဲဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် FA ဖလားပြိုင်ပွဲတစ်ခုတွင်သာ ဆုဖလားမျှော်လင့်ချက် ရှိတော့သည့်အတွက် ဂွါဒီယိုလာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
''ချန်ပီယံလိဂ်ဝင်ခွင့်က ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော် ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ပါတယ်။ ဒါက မန်စီးတီးအတွက် အကောင်းကြီးမဟုတ်ပေမဲ့ ပရီးမီးယားလိဂ်မှာ တခြားအသင်းတွေ ဒီအတွက် ဘယ်လိုဖြစ်ခဲ့ကြသလဲဆိုတာ ကျွန်တော် မြင်တွေ့ခဲ့ဖူးပါတယ်''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
နော်တင်ဟမ်ကို ရှုံးနိမ့်အပြီးကလည်း ဂွါဒီယိုလာက လက်ကျန် ၁၀ ပွဲကို ဗိုလ်လုပွဲကဲ့သို့ ကစားသွားရမည်ဟု ဝန်ခံခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ငါးနေရာ ရောက်နေလျက်ရှိသည်။
ပရီးမီးယားလိဂ်မှ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ လေးနေရာ ရရှိပြီး လာမည့်ရာသီအတွက် UEFA ၏ အပိုဝင်ခွင့် နှစ်နေရာတွင် တစ်နေရာရရှိရန် အခွင့်အလမ်းများနေသောကြောင့် ငါးသင်းအထိ ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိသည်။