
◘ ဘာစီလိုနာ - ဘင်ဖီကာ (မြန်မာစံတော်ချိန် မတ်လ ၁၂ ရက် နံနက် ၀၀:၁၅ နာရီ)
မိနစ် ၂၀ ကျော်မှာကတည်းက ကစားသမားတစ်ဦး အနီကတ်အပြခံခဲ့ရတဲ့ အခြေအနေမှာ ဘာစီလိုနာအသင်း ပုံစံကောင်းပြသပြီး နိုင်ပွဲရယူနိုင်ခဲ့တယ်။ တစ်ယောက်လျော့အခြေအနေမှာ ဘာစီလိုနာအသင်း ဟန်မပျက်ကစားနိုင်ခဲ့တာ မှန်သလို၊ ဘင်ဖီကာအသင်းရဲ့ တိုက်စစ်ပိုင်းက ဂိုးကံခေခဲ့တာလည်းပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ဘာစီလိုနာအသင်းရဲ့ခြေစွမ်းက ပိုပြီးထက်မြက်လာမှာဖြစ်သလို ပထမအကျော့တုန်းက ရလဒ်ကြောင့်လည်း ပိုပြီးသက်သောင့်သက်သာ ကစားနိုင်တဲ့ အခြေအနေဖြစ်တယ်။ ဘာစီလိုနာအသင်း ဂိုးပြတ်သွင်းလိမ့်မယ်ထင်တယ်။
◘ လီဗာပူးလ် - PSG (မြန်မာစံတော်ချိန် မတ်လ ၁၂ ရက် နံနက် ၂:၃၀ နာရီ)
ပထမအကျော့တုန်းကတော့ ပါရီမြေပေါ်မှာ လီဗာပူးလ်အသင်း တော်တော်လေးခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။ PSG အသင်းက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်။ ပိုကောင်းတဲ့အခွင့်အရေးတွေ ရခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ ဂိုုးသမား အယ်လီဆန်ဘက်ကာက အကောင်းဆုံးပုံစံပြသခဲ့ပြီး ဂိုးတွေမပေးရအောင် ကစားခဲ့သလို၊ နောက်ဆုံးမိနစ်မှာ လူစားဝင်လာ တဲ့ ကစားသမား အဲလီယော့တ်ရဲ့ သွင်းဂိုးနဲ့ လီဗာပူးလ် အနိုင်ရခဲ့တယ်။ အခုပွဲစဉ်ကတော့ အန်ဖီးလ်မှာပါ။ PSG က
တိုက်စစ်ကစားဖို့ ကြိုးစားမှာဖြစ်ပေမဲ့ လီဗာပူးလ်က ပိုကောင်းတဲ့ပုံစံနဲ့ တုံ့ပြန်ပါလိမ့်မယ်။ လီဗာပူးလ်ပဲ ကွာတားတက်မယ်။
◘ လေဗာကူဆင် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မတ်လ ၁၂ ရက် နံနက် ၂:၃၀ နာရီ)
မြူးနစ်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲတုန်းကတော့ လေဗာကူဆင်ရဲ့ ကစားပုံက တော်တော်လေး အားနည်းခဲ့တယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းရဲ့ဦးဆောင်မှုနဲ့ တိကျတဲ့ အဆုံးသတ်ကလည်း ဘိုင်ယန်မြူးနစ်ကို ကူညီခဲ့တယ်လို့ ပြောလို့ရတယ်။ အခု ဒီပွဲကတော့ လေဗာကူဆင်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဘိုင်ယန်အတွက် အခက်အခဲ ပိုရှိလာနို်င်တယ်။ ဖောင်ဖျက်ကစားရမှာဖြစ်တဲ့အခြေအနေကြောင့် လေဗာကူဆင်ရဲ့ ကစားပုံက ပိုမိုမာကျောပြီး ထက်မြက် နိုင်ခြေလည်းရှိတယ်။ လေဗာကူဆင်ကို ကြိုက်တယ်။ ဒါပေမဲ့ ပထမအကျော့ရလဒ်ကိုတော့ ကျော်နိုင်မယ်မထင်ဘူး။
◘ အင်တာမီလန် - ဖီယင်နု (မြန်မာစံတော်ချိန် မတ်လ ၁၂ ရက် နံနက် ၂:၃၀ နာရီ)
ဗန်ပါစီလက်ထက်မှာလည်း ဖီယင်နုအသင်းကို တစ်ဦးချင်း အရည်အသွေးကောင်းတွေနဲ့ တိုက်စစ်ပိုင်းကို ပုံဖော်ကစားတာကို တွေ့ရတယ်။ အိမ်ကွင်းမှာ ဖီယင်နုရဲ့ အစောပိုင်းကစားပုံက အင်တာမီလန်ထက် ပိုကောင်းခဲ့ပြီး ဂိုးရဖို့လည်း နီးစပ်ခဲ့တယ်။ ဒါပေမဲ့ အင်တာမီလန်ရဲ့ မာကျောမှုနဲ့ ခံစစ်ပိုင်း ကောင်းမွန်မှုတွေကတစ်ဆင့် နောက်ပိုင်းမှာ အင်တာမီလန်ရဲ့ ပွဲဖြစ်သွားခဲ့တယ်။ အခု ဒီပွဲမှာက အင်တာမီလန်ကို ပထမအကျော့ရလဒ်ကောင်းအပြင် ပုံမှန်အားဖြင့် တိုက်စစ်ပုံစံကောင်း ပြသလေ့ရှိတဲ့ အိမ်ကွင်းပွဲစဉ်လည်း ဖြစ်နေတယ်။ အင်တာမီလန်ပဲ နောက်တစ်ကျော့ထပ်နိုင်မယ်။