
မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ဇနီးသည် ခရစ္စတီးနားဆာရာတို့ ကွာရှင်းပြတ်စဲဖို့ လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ဘောလုံးပရိသတ်တွေ သိရှိထားပြီးသားဖြစ်မှာပါ။ မန်စီးတီးအသင်းမှာ ဂွါဒီယိုလာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရချိန် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အဲဒီသတင်း ထွက်ပေါ်လာခဲ့တာပါ။ ဂွါဒီယိုလာနဲ့ ခရစ္စတီးနားဆာရာတို့က နှစ်ပေါင်း(၃၀)ကျော် ပေါင်းဖက်လာခဲ့ကြတဲ့ ငယ်ချစ်တွေပါ။ ဂွါဒီယိုလာ ဆယ်ကျော်သက်အရွယ်ကတည်းက ဆုံတွေ့ခဲ့ကြသူတွေဖြစ်ပြီး အခု ဂွါဒီယိုလာက (၅၄)နှစ်တောင် ရှိနေပါပြီ။
မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ဇနီးသည် ခရစ္စတီးနားဆာရာတို့ ကွာရှင်းပြတ်စဲဖို့ လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ဘောလုံးပရိသတ်တွေ သိရှိထားပြီးသားဖြစ်မှာပါ။ မန်စီးတီးအသင်းမှာ ဂွါဒီယိုလာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရချိန် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အဲဒီသတင်း ထွက်ပေါ်လာခဲ့တာပါ။ ဂွါဒီယိုလာနဲ့ ခရစ္စတီးနားဆာရာတို့က နှစ်ပေါင်း(၃၀)ကျော် ပေါင်းဖက်လာခဲ့ကြတဲ့ ငယ်ချစ်တွေပါ။ ဂွါဒီယိုလာ ဆယ်ကျော်သက်အရွယ်ကတည်းက ဆုံတွေ့ခဲ့ကြသူတွေဖြစ်ပြီး အခု ဂွါဒီယိုလာက (၅၄)နှစ်တောင် ရှိနေပါပြီ။ သမီးနှစ်ယောက်နဲ့ သားတစ်ယောက်တောင် အရွယ်ရောက်နေကြပါပြီ။ ဒီလိုအခြေအနေမျိုးမှာမှ လမ်းခွဲတော့မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာ အံ့သြစရာတော့ ကောင်းပါတယ်။ ဒါဟာ မန်စီးတီးအသင်းနဲ့ ဂွါဒီယိုလာ သက်တမ်းတိုးလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့လည်း နည်းနည်းတော့ သက်ဆိုင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၉ မှာ မန်စီးတီးနဲ့ ဂွါဒီယိုလာ (၂) နှစ်သက်တမ်းတိုးပြီး မကြာခင်မှာပဲ ဆာရာက စပိန် ပြန်သွားခဲ့တာကြောင့်ပါ။
ဒီလိုနဲ့ပဲ ၂၀၂၅ မှာတော့ လမ်းခွဲတော့မယ်လို့ ပရိသတ်တွေကို တရားဝင်အသိပေးတဲ့အဆင့် ရောက်လာခဲ့တာပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဂွါဒီယိုလာက စပိန်ကို လူမသိသူမသိပြန်သွားခဲ့ပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ကြိုးစားခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ မန်စီးတီးအသင်းက ပလိုင်းမောက်နဲ့ ကစားပြီးတဲ့နောက် နော်တင်ဟမ်ဖောရက်စ်နဲ့ မကစားခင် နားရက်(၇)ရက်ရတာကြောင့် ဂွါဒီယိုလာက စပိန်ကို (၃)ရက်ခရီးသွားရောက်ခဲ့ပြီး ဆာရာကို ချော့မော့ဖျောင်းဖျခဲ့တာလို့ နီးစပ်သူတွေက ဆိုပါတယ်။ ဂွါဒီယိုလာက ဆာရာနဲ့အတူ သုံးညတာဖြတ်သန်းပြီး ကွာရှင်းပြတ်စဲမယ့် အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းဖို့ ကြိုးစားခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဝေးမသွားချင်ဘူး ဆာရာရယ်ပေါ့။