
မတ်လ(၁၁)ရက် ဝန်းကျင်ဆိုရင် နေမာဒဏ်ရာတစ်ခုမဟုတ်တစ်ခုရပြီ။ အဲဒီတော့ နားရပြီ။ အဲဒီတော့ ဘရာဇီးလ် ပြန်ပြီ။ အဲဒီတော့ ညီမလေးရဲ့မွေးနေ့ပွဲ နွှဲရပြီပေါ့။ မတ်လ(၁၁)ရက်က နေမာရဲ့ ညီမ ရာဖယ်လာဆန်းတို့စ်ရဲ့ မွေးနေ့ပါ။ ရာဖယ်လာက နေမာရဲ့ တစ်ဦးတည်းသော အချစ်ရဆုံးညီမလေးဖြစ်ပြီး ၁၉၉၆ မတ်လ(၁၁)ရက်မှာ မွေးဖွားခဲ့သူပါ။ နေမာက ၁၉၉၂ ဖေဖော်ဝါရီ(၅) ရက်မှာ မွေးဖွားခဲ့တာကြောင့် မောင်နှမနှစ်ယောက် အသက်(၄)နှစ်ပဲ ကွာပါတယ်။ နေမာက သူ့ညီမလေးရဲ့ မျက်နှာပုံကို လက်မောင်းမှာ တက်တူးထိုးထားသလို၊ ရာဖယ်လာကလည်း သူ့အစ်ကိုရဲ့ မျက်လုံးပုံကို သူ့လက်မောင်းအတွင်းဘက်မှာ တက်တူးထိုးထားပါတယ်။ သူတို့က အဲဒီလောက် ချစ်ကြတဲ့ မောင်နှမတွေ ဖြစ်ပါတယ်။ ဒီတော့ ညီမလေးရဲ့ မွေးနေ့နီးလာပြီဆိုရင် ဘရာဇီးလ်ပြန်ဖို့ နေမာ ဖင်တကြွကြွဖြစ်လာတတ်တာ ဘယ်ဆန်းပါ့မလဲ။
မတ်လ(၁၁)ရက် ဝန်းကျင်ဆိုရင် နေမာဒဏ်ရာတစ်ခုမဟုတ်တစ်ခုရပြီ။ အဲဒီတော့ နားရပြီ။ အဲဒီတော့ ဘရာဇီးလ် ပြန်ပြီ။ အဲဒီတော့ ညီမလေးရဲ့မွေးနေ့ပွဲ နွှဲရပြီပေါ့။ မတ်လ(၁၁)ရက်က နေမာရဲ့ ညီမ ရာဖယ်လာဆန်းတို့စ်ရဲ့ မွေးနေ့ပါ။ ရာဖယ်လာက နေမာရဲ့ တစ်ဦးတည်းသော အချစ်ရဆုံးညီမလေးဖြစ်ပြီး ၁၉၉၆ မတ်လ(၁၁)ရက်မှာ မွေးဖွားခဲ့သူပါ။ နေမာက ၁၉၉၂ ဖေဖော်ဝါရီ(၅) ရက်မှာ မွေးဖွားခဲ့တာကြောင့် မောင်နှမနှစ်ယောက် အသက်(၄)နှစ်ပဲ ကွာပါတယ်။ နေမာက သူ့ညီမလေးရဲ့ မျက်နှာပုံကို လက်မောင်းမှာ တက်တူးထိုးထားသလို၊ ရာဖယ်လာကလည်း သူ့အစ်ကိုရဲ့ မျက်လုံးပုံကို သူ့လက်မောင်းအတွင်းဘက်မှာ တက်တူးထိုးထားပါတယ်။ သူတို့က အဲဒီလောက် ချစ်ကြတဲ့ မောင်နှမတွေ ဖြစ်ပါတယ်။ ဒီတော့ ညီမလေးရဲ့ မွေးနေ့နီးလာပြီဆိုရင် ဘရာဇီးလ်ပြန်ဖို့ နေမာ ဖင်တကြွကြွဖြစ်လာတတ်တာ ဘယ်ဆန်းပါ့မလဲ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်အနေနဲ့ ညီမရဲ့ မွေးနေ့ရှိလို့ ခွင့်ပေးပါဆိုပြီး တောင်းဆိုလို့ ဘယ်ကောင်းပါ့မလဲ။
ကံကောင်းချင်တော့ ညီမလေး ရာဖယ်လာရဲ့ မွေးနေ့ပွဲ နီးလာပြီဆိုရင် နေမာ ဒဏ်ရာတစ်ခုမ ဟုတ်တစ်ခုရတော့တာပါပဲ။ ဒါမှမဟုတ် ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် မီဒီယာတချို့က ညီမရဲ့ မွေးနေ့ကျိန်စာသင့်နေတာလို့ နေမာကို လှောင်ပြောင်ကြသလို၊ တချို့ကတော့ နေမာက ဒဏ်ရာတွေကို မတ်လ (၁၁)ရက်မတိုင်ခင် အရောက်ပို့ဖို့ ပရီအော်ဒါနဲ့မှာ ထားတာလို့ လှောင်ပြောင်ကြတာပါ။ နေမာက ဘာစီလိုနာအသင်းမှာ ကစားချိန် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက အဲဒီလိုဖြစ်နေခဲ့တာ အခုထိလည်း ဖြစ်နေဆဲဆိုတော့ လှောင်ပြောင်တဲ့သူတွေကိုလည်း အဆိုးမဆိုသာပါဘူး။ ဒီနှစ်လည်း ဆန်းတို့စ်အသင်းမှာ တစ်ကျော့ပြန်ခြေစွမ်းပြန်ပြနေတာကြောင့် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်ပြန်လည်ရွေးချယ်ခြင်းခံထားရပြီး သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ ချီးကျူးသံတွေသောသောညံနေချိန်မှာ ဆန်းတို့စ်အသင်းအတွက် ပွဲမကစားနိုင်တဲ့အခြေအနေ ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုရင်သီယန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ ဒါကြောင့် ညီမရဲ့မွေးနေ့ပွဲ နီးတာနဲ့ ဖြစ်ပြန်ပြီလို့ ပရိသတ်တွေကလည်း လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါကြောင့် နေမာက သူ့အနေနဲ့ ကြံ့ခိုင်မှုအနေအထားအရ သက်သောင့်သက်သာ မရှိတာကြောင့် အနားယူခဲ့ရခြင်းဖြစ်တယ်လို့ လူမှုကွန်ရက်ကတစ်ဆင့် ဖြေရှင်းချက်ပေးခဲ့ရပါတယ်။
တကယ်တော့ နေမာက ညီမရဲ့ မွေးနေ့ကာ လဝန်းကျင်မှာ နှစ်တိုင်းလိုလို ဒဏ်ရာရတတ်တယ်ဆိုပေမဲ့ တချို့နှစ်တွေမှာ အလွန်ပြင်းထန်တဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရတာမျိုးလည်း ရှိခဲ့ပါတယ်။ မတ်လကစပြီး ရာသီလက်ကျန်ပွဲအားလုံးမကစားနိုင်တာမျိုးတွေလည်း မကြာခဏဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘရာဇီးလ်က နာမည်ကျော်ကာ နေဗယ်လ်ပွဲတော် နီးကပ်လာရင်၊ ညီမရဲ့ မွေးနေ့ပွဲ နီးကပ်လာရင် (အဲဒီနှစ်ခုကလည်း ရက်ပိုင်း လောက်ပဲကွာတာပါ) အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ မကစားနိုင်တဲ့အခြေအနေ ဖြစ်လေ့ရှိတာကြောင့် လှောင်ပြောင်ချင်စရာ၊ ဝေဖန်ချင်စရာ ဖြစ်နေတာပါ။ သူက အပျော်အပါးမက်သူလည်းဖြစ်၊ ညီမကို ချစ်လွန်းသူလည်းဖြစ်တာကြောင့် တကယ်ဒဏ်ရာရခဲ့တာဆိုရင်တောင် ယုံကြည်မပေးနိုင်သူတွေလည်း အများကြီးရှိနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်လည်း နေမာ မှာယူထားတဲ့ သက်သောင့်သက်သာမရှိခြင်းဆိုတဲ့ ဒဏ်ရာအသေးစားတစ်ခုက ရာဖယ်လာရဲ့ မွေးနေ့ပွဲမတိုင်ခင် မပျက်မကွက် ရောက်ရှိလာခဲ့တယ်လို့ပဲ ဆိုရပါလိမ့်မယ်။