
အဆန်စီယိုက အများကြီး မျှော်လင့်ခံခဲ့ရတဲ့ ကစားသမား။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အနာဂတ်မှာ အားထားရတဲ့ကစားသမား ဖြစ်လာမယ့် သူအဖြစ် ယူဆခံရသူ၊ ထင်ကြေးပေးခံရသူ။ ဒါပေမဲ့ အဆန်စီယိုရဲ့ ကစားသမားဘဝမှာ ခြေလှမ်းတွေက နှေးကွေးခဲ့တယ်၊ ကြန့်ကြာမှုတွေ ရှိခဲ့တယ်။ အခုလိုကစားသမားဘဝရဲ့ အကောင်းဆုံးအသက်အရွယ် ဖြစ်ရမယ့်အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်တန်းစားအသင်းတစ်သင်းဖြစ်တဲ့ အက်စတွန်ဗီလာမှာ အငှားကစားနေရတယ်။ ဒါပေမဲ့ အစဉ်အလာတွေအရ ကြည့်ရင် အက်စတွန်ဗီလာဆိုတာ ခပ်နိမ့်နိမ့်အသင်းမဟုတ်ပါဘူး။ ချန်ပီယံလိဂ် ရယူဖူးသလို၊ လက်ရှိမှာလည်း ချန်ပီယံလိဂ်ကစားနေရတဲ့အသင်း ဖြစ်တယ်။ အလယ်အလတ်အသင်းဆိုတဲ့ အခြေအနေကနေ တိုးထွက်ရင်း ထိပ်တန်းကလပ်ဖြစ်လာဖို့ တာစူနေတဲ့အသင်းလည်းဖြစ်တယ်။ အဲဒီလို အခြေအနေ၊ အဲဒီလိုအဆင့်ကတောင် အဆန်စီယိုအတွက် နိမ့်သလို ဖြစ်နေတယ်။ ဒါဟာ သူ ပြခဲ့ဖူးတဲ့ ခြေစွမ်း အဆင့်အတန်းနဲ့ သူ့အပေါ်ထားခဲ့ကြတဲ့ မျှော်လင့် ချက်တွေကြောင့်ပဲ။ ဒီကစားသမားဟာ စပေါ်လာ တုန်းက ကမ္ဘာ့ထိပ်ဆုံးတန်းကို ရောက်မယ့်ပုံစံမျိုး အထိ ပြခဲ့ဖူးတယ်။
အဆန်စီယိုက အများကြီး မျှော်လင့်ခံခဲ့ရတဲ့ ကစားသမား။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အနာဂတ်မှာ အားထားရတဲ့ကစားသမား ဖြစ်လာမယ့် သူအဖြစ် ယူဆခံရသူ၊ ထင်ကြေးပေးခံရသူ။ ဒါပေမဲ့ အဆန်စီယိုရဲ့ ကစားသမားဘဝမှာ ခြေလှမ်းတွေက နှေးကွေးခဲ့တယ်၊ ကြန့်ကြာမှုတွေ ရှိခဲ့တယ်။ အခုလိုကစားသမားဘဝရဲ့ အကောင်းဆုံးအသက်အရွယ် ဖြစ်ရမယ့်အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်တန်းစားအသင်းတစ်သင်းဖြစ်တဲ့ အက်စတွန်ဗီလာမှာ အငှားကစားနေရတယ်။ ဒါပေမဲ့ အစဉ်အလာတွေအရ ကြည့်ရင် အက်စတွန်ဗီလာဆိုတာ ခပ်နိမ့်နိမ့်အသင်းမဟုတ်ပါဘူး။ ချန်ပီယံလိဂ် ရယူဖူးသလို၊ လက်ရှိမှာလည်း ချန်ပီယံလိဂ်ကစားနေရတဲ့အသင်း ဖြစ်တယ်။ အလယ်အလတ်အသင်းဆိုတဲ့ အခြေအနေကနေ တိုးထွက်ရင်း ထိပ်တန်းကလပ်ဖြစ်လာဖို့ တာစူနေတဲ့အသင်းလည်းဖြစ်တယ်။ အဲဒီလို အခြေအနေ၊ အဲဒီလိုအဆင့်ကတောင် အဆန်စီယိုအတွက် နိမ့်သလို ဖြစ်နေတယ်။ ဒါဟာ သူ ပြခဲ့ဖူးတဲ့ ခြေစွမ်း အဆင့်အတန်းနဲ့ သူ့အပေါ်ထားခဲ့ကြတဲ့ မျှော်လင့် ချက်တွေကြောင့်ပဲ။ ဒီကစားသမားဟာ စပေါ်လာ တုန်းက ကမ္ဘာ့ထိပ်ဆုံးတန်းကို ရောက်မယ့်ပုံစံမျိုး အထိ ပြခဲ့ဖူးတယ်။ အခုတော့ အက်စတွန်ဗီလာမှာ အဆန်စီယိုဟာ ကစားသမားဘ၀ ပြန်လည်ရှင်သန်လာအောင် လုပ်ပြနေတယ်။ ဂိုးတွေလည်း ဆက်တိုက်သွင်းပြနေတယ်။ အကောင်းဆုံးအချိန်တွေ ဆိုတာ သူ့အတွက် ကျန်ပါသေးတယ်ဆိုတဲ့ သက်သေပြချက်တွေကို အဆန်စီယို အကောင်အထည် ဖော်ဖို့ ကြိုးစားနေရတဲ့ အခြေအနေလည်း ဖြစ်နေတယ်။
အဆန်စီယို စပြီး ထင်ရှားလာတော့ အက်စ်ပန်ညိုနဲ့ပါ။ ရီးယဲလ်ကနေ အငှားထွက်ကစားတဲ့ ဒီကောင်လေးဟာ အက်စ်ပန်ညိုမှာ ဂိုးဖန်တီးမှုများစွာနဲ့အတူ တောက်ပခဲ့တယ်။ အဲဒီ ၂၀၁၅-၁၆ ရာသီမှာ အဆန်စီယိုထက် ဂိုးဖန်တီးမှုများတာ မက်ဆီ၊ ဆွာရက်ဇ်၊ ကိုကေ၊ နေမာနဲ့ စီရော်နယ်လ်ဒိုတို့ပဲ ရှိတယ်။ အကုန်လုံးက လာလီဂါရဲ့ စူပါစတားတွေ ဖြစ်သလို၊ ကမ္ဘာ့ဘောလုံးရပ်ဝန်းတစ်ခုလုံးရဲ့ လေးစားခံ ကစားသမားတွေဖြစ်တယ်။ ဒီလိုနဲ့ တောက်မယ့်မီးခဲတရဲရဲ ဖြစ်နေတဲ့ အဆန်စီယို တစ်ယောက် ရီးယဲလ်ဆီ ပြန်ရောက်တယ်။ ရာသီအစမှာပဲ အဆန်စီယိုက အားလုံးကို အံ့အားသင့်စေလိုက်တယ်။ ကျောနံပါတ် ၂၈ နဲ့ ရီးယဲလ်အတွက် ပွဲဦးထွက်ကစားတဲ့ အဆန်စီယို တစ်ယောက် အလှပဆုံးကန်ချက်တစ်ခုနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တယ်။ အဆန်စီယိုက ဘာဆိုတာကို ကမ္ဘာကြီးထံ ကြေညာမောင်းခတ်လိုက်တဲ့ဂိုးလည်း ဖြစ်တယ်။ ဆယ်ပြားစေ့ထောင့်ထဲ ဝင်သွားတဲ့ ဂိုးဖြစ်ပြီး ကန်တဲ့ထိချက်၊ ဘောလုံးသွားတဲ့လမ်းကြောင်း အရာအားလုံးက ပါရမီမြောက်ခဲ့တယ်။
ဒါဟာ လှပတဲ့ဂိုးပေါင်းများစွာရဲ့ အစပါပဲ။ အဆန်စီယိုဟာ ဂိုးမသွင်းရင်လည်း မသွင်းဘူး၊ သွင်းလိုက်ရင်လည်း လှပတဲ့ဂိုးတွေချည်းပဲလို့ ပြောရတဲ့အထိ Bangers များစွာနဲ့ တင့်တယ် ခဲ့တယ်။ အဆန်စီယို ကံဆိုးတာက ရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ ဘန်ဇီမာအစရှိတဲ့ ကြယ်ပွင့်တွေနဲ့ အသင်းမှာ ပေါ်လာခဲ့ခြင်းဖြစ်တယ်။ သူ့အတွက် ပထမနေရာဆိုတာ မရှိခဲ့ဘူး။ ကစားခွင့်ရရှိတယ်ဆိုပေမဲ့ ဇာတ်ပို့ဇာတ်ရံ အနေအထားလောက်နဲ့သာ ဖြစ်တယ်။ အကန့်အသတ်ပဲ ရှိတဲ့ အခွင့်အရေးအောက်မှာ ခြေစွမ်းကို ပြသရတယ်။ ဘယ်တော့မှ တည်ငြိမ်တဲ့ Bangers ကို တည်ဆောက်နိုင်ခြင်း မရှိခဲ့ဘူး။ လောင်းရိပ်တွေနဲ့ ညပ်ပိတ်နေခဲ့တယ်။ အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတွေထဲက တစ်ယောက်တော့ ဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ Rhythm အပြည့်ရတဲ့အထိ တိုးတက်ဖို့ အခွင့် အရေးမရခဲ့ဘူး။
အခွင့်အရေးက ရောက်လာချိန်မှာ အဆန်စီယို ကံမကောင်းခဲ့ပါဘူး။ စီရော်နယ်လ်ဒိုက ၂၀၁၈-၁၉ ရာသီမှာ အသင်းက ထွက်ခွာခဲ့ပြီး အဆန်စီယိုအတွက် ပုံမှန်နေရာတစ်ခု ပေါ်လာတယ်။ ဒါပေမဲ့ အဲဒီရာသီမှာ ရီးယဲလ်ဟာ နည်းပြအမှားအယွင်းတွေ ပြုလုပ်ခဲ့ပြီး တစ်ရာသီထဲ နည်းပြအပြောင်းအလဲ သုံးကြိမ် ဖြစ်ခဲ့တယ်။ အသင်းဟာ မတည်မငြိမ် ဖြစ်ခဲ့တယ်။ ၂၀၁၉-၂၀ ရာသီမှာ ကျတော့ ရာသီအစပဲ ရှိသေး၊ ပြင်းထန်တဲ့ ဒူးဒဏ်ရာရသွားပြီး တစ်ရာသီလုံး နားရဖို့ ဖြစ်လာခဲ့တော့တယ်။ ဒီလိုနဲ့ အဆန်စီယိုဟာ ၂၀၁၇ မှာ ချန်ပီယံလိဂ်ရဲ့ Breakthrough မှာ ပြင်သစ်ကြယ်ပွင့် အမ်ဘာပေနဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး သူ့အတွက် လောင်းရိပ်တွေမရှိတော့တဲ့အချိန်၊ တစ်နည်းအားဖြင့်တောက်ပဖို့ အခွင့်အရေး ရရှိလာတဲ့ အချိန်မှာတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရသွားခဲ့ပါတယ်။ အသက် ၂၃နှစ်အရွယ်မှာ ရသွားခဲ့တဲ့ ဒဏ်ရာက သူ့ဘဝကို ကြီးမားစွာ ဒုက္ခပေးခဲ့တယ်။
တစ်နှစ်ခန့် အနားယူပြီးနောက် အဆန်စီယို ပြန်လာခဲ့ပေမဲ့ အကောင်းဆုံးတန်းဆီ သွားဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက်လို ဖြစ်ခဲ့ပါပြီ။ အဆန်စီယိုဟာ ကစားသမားကောင်းတစ်ယောက် ဖြစ်နေဆဲပါ။ ဂိုးတွေ သွင်းနေဆဲဖြစ်သလို၊ အဆင့်အတန်း မြင့်တဲ့ Playmaking ကို ပြသနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို တစ်ချိန်က မျှော်လင့်ခဲ့ကြတဲ့ အဆင့်အတန်းဆီ သွားဖို့တော့ မဖြစ်နိုင်တော့ဘူး။ ဘောလုံးလောကအတွက် နှမြောစရာ ကောင်းခဲ့တယ်။ ရီးယဲလ်နဲ့ သူယူခဲ့တဲ့ အောင်မြင်မှုတွေက အကြီး ကြီးပါ။ လာလီဂါ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ်က ခမ်းနားပါတယ်။ တစ်ခုရှိတာက အဲဒီဆုဖလားတွေက ခေါင်ကစားသမားအနေနဲ့ ရယူခဲ့ခြင်း မဟုတ်ခဲ့တာပဲ။ ရီးယဲလ်နဲ့ ဇာတ်လမ်းကုန်တော့ PSG အသင်းထံ ရောက်တယ်။
PSG မှာလည်း အဆန်စီယို ပြန်လည် မပွင့်လင်းနိုင်တော့ပါဘူး။ လူးဝစ်အန်နရီကေးက လျင်မြန်မှုကို သဘောကျတဲ့နည်းပြဖြစ်ပြီး အဆန်စီယိုရဲ့ Play style ဟာ မူလကတည်းက ခပ်အေးအေး ဆိုတဲ့ဘက်သွားတယ်။ ဒူးဒဏ်ရာရပြီးတဲ့နောက်မှာ သူ့လှုပ်ရှားမှုတွေက ပိုပြီး အကန့်အသတ် ဖြစ်သွားတယ်။ ပေါက်ကွဲအားနဲ့ မကစားနိုင်တော့ဘူး။ ကစားကွက်အရလည်း PSG မှာ သူ့အတွက် နေရာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် PSG က သူ့ကို ဆုဖလား အောင်မြင်မှုတွေတော့ ပေးပါသေးတယ်။ ဒါပေမဲ့ သူ ဒီအရာတွေနဲ့ မပျော်ရွှင်နိုင်ပါဘူး။ သူ့အတွက် ကစားခွင့်၊ ခြေစွမ်းပြခွင့် လိုပါတယ်။ ဒါကြောင့် လည်း သူ့အနေနဲ့ အက်စတွန်ဗီလာရဲ့ အငှားကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်တယ်။
အဆန်စီယိုရဲ့ လက်ရှိပုံစံက လုပ်ကြံရေးသမားပုံစံနဲ့ ပိုမိုလိုက်ဖက်ပါတယ်။ အတွေ့အကြုံ ရင့်တယ်။ တည်ငြိမ်ပြီး ဂိုးသွင်းခြေမြင့်တယ်။ ဘောလုံးအထိန်းအသိမ်းကောင်းပြီး လွတ်လွတ်လပ်လပ်သာ ကန်ခွင့်ရမယ်ဆိုရင် ဘယ်လို အခြေအနေမျိုးကမဆို ဂိုးဝင်အောင် သွင်းနိုင်တယ်။ အတွက် အချက် ထူးချွန်ပြီး ပွဲအဖြေပြောင်းလဲနိုင်စွမ်း မြင့် တယ်။ ဒီအရာတွေအကုန်လုံးကို အူနိုင်းအမ်မရီ မြင်ပါတယ်။ ဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့် လည်း အဆန်စီယိုဟာ အက်စတွန်ဗီလာမှာ ပြန် လည်ထွန်းလင်းစပြုလာတာပါ။ အူနိုင်းအမ်မရီဟာ ကျရိပ်ပြနေတဲ့ ကစားသမားတွေကို Motivation ပေးနိုင်စွမ်း၊ ဆွဲတင်နိုင်စွမ်း အထူးကောင်းမွန်တဲ့ နည်းပြ ဖြစ်ပါတယ်။
အခုဆိုရင် အဆန်စီယိုဟာ ဗီလာမှာ ဂိုးတွေ အများကြီးသွင်းယူထားနိုင်ပါပြီ။ သူ အသင်းကို စရောက်လာချိန်ကတည်းက စတွက်ရင် ကျန်အသင်းဖော်အားလုံးထက် ဂိုးတွေ ပိုသွင်းပြနေတယ်။ ကျန်အသင်းဖော်ဆိုတဲ့အထဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူးနေရာကို တံခါးခေါက်နေတဲ့ အိုလီဝက်ကင်စ်လို ကစားသမား၊ ပရီးမီးယားလိဂ်မှာ သာမကဘဲ ချန်ပီယံလိဂ် လိုအဆင့်အတန်းမျိုးမှာ ဂိုးတွေ အများကြီးသွင်း ပြခဲ့ဖူးတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ အက်စတွန်ဗီလာရဲ့ နောက်ဆုံးပေါ် ကြယ်ပွင့် မော်ဂန်ရော်ဂျာစ်တို့လို ကစားသမား တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အသင်းမှာ ရှိနှင့် ပြီးသား ကစားသမားတွေကို ကျော်ပြီး ပယ်နယ်တီကန်ခွင့်ကိုပါ ရရှိခဲ့တာတွေ့ရတယ်။ ချယ်လ်ဆီးနဲ့ပွဲ မှာ ၂ ဂိုးသွင်းပြီး ခြင်္သေ့ပြာတွေကို နှစ်မြှုပ်ခဲ့သလို၊ ကာဒစ်ဖ်၊ ကလပ်ဘရုဂေးတို့နဲ့ပွဲတွေမှာ ဂိုးတွေ ဆက်တိုက်သွင်းခဲ့တယ်။ ဗီလာမှာ သူ့လိုမျိုး အရည် အသွေးမြင့်ကန်ချက်တွေကို ကန်ပြနိုင်တဲ့ ကစားသမားက နည်းပါးပါတယ်။ အဓိကဂိုးသွင်းရှင် ဝက်ကင်စ်တောင် ကန်သွင်းချက်ကောင်းသူ မဟုတ်ဘူး။ အဆန်စီယိုဟာ ဗီလာရဲ့ပေါက်ကွဲအားကို တစ်ဆင့်မြှင့်ပေးထားတယ်။ ဗီလာဟာ ချန်ပီယံလိဂ်မှာ အရည်အသွေးကောင်းတွေကို ပြသခဲ့သလို၊(ယခု ဆောင်းပါးရေးချိန်တွင် ဒုတိယအကျော့ ပွဲစဉ် မကစားရသေး) အသင်းကြီးတွေ နည်းပါးသွားတဲ့ FA ဖလားမှာလည်း ဖလားရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်မှာပါ။ ပရီးမီးယား လိဂ်မှာတော့ အဆင့် ၅ အတွင်းဝင်ဖို့ ပစ်မှတ်ထားနေတယ်။ ဒီအရာတွေအတွက် သူတို့ ခေါ်ယူအားဖြည့် လိုက်တဲ့ ဆောင်းရာသီခေါ်ယူမှုမှာ အဆန်စီယိုက ကွက်တိကျစွာ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ အဆန်စီယိုဆီက လင်းလက်တဲ့ခြေစွမ်းတွေကို ဆက်လက်မြင်တွေ့ခွင့်ရနေဦးမှာပါ။ အဆန်စီယိုရဲ့ ခြေလှမ်းသစ်တွေက သူ့ အနာဂတ်ဟာ မပြီးဆုံးသေးဘူးဆိုတာကိုလည်း ပြသနေပါတယ်။