Eleven Media Group

ကွန်းဖရန့်လိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: X

ဂီမာရေ့စ် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

စပိန်မြေမှာကစားခဲ့တဲ့ပွဲမှာ ဂီမာရေ့စ်အသင်း နှစ်ကြိမ်တိုင် နောက်ကလိုက်ပြီး ချေပဂိုးတွေ သွင်းခဲ့တာပါ။ ဂီမာရေ့စ်အနေနဲ့ အိမ်ကွင်းပြန်ကစားရမှာဖြစ်လို့ ပရိသတ်အားသာချက်ရှိတာကလွဲလို့ ဘက်တစ်နဲ့ယှဉ်ရင် အဖက်ဖက်က အားနည်းနေဆဲပါပဲ။ ပေါ်တူဂီမြေမှာ ဘက်တစ်အသင်းဘက်ကပဲ ရပ်တည်တာပိုကောင်းတယ်။

ဖီအိုရင်တီးနား နှင့် ပါနာသီနေကော့စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့ ဂရိမြေမှာတော့ ဖီအိုရင်တီးနားအသင်း (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတယ်။ ကစားသမားပိုင်း ကွာဟချက်ကလည်း မြင့်မားလို့ ဖီအိုရင်တီးနား အခွင့်အရေးရှိမှာပါ။ ဖီအိုရင်တီးနားပဲ ရွေးချယ်ချင်တယ်။

ချယ်လ်ဆီး နှင့် FC ကိုပင်ဟေဂင် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဒိန်းမတ်မြေမှာ ချယ်လ်ဆီးအသင်း အနိုင်ကစားထားခဲ့လို့ ဖိအားအတော်လျော့နေပါတယ်။ ဒါပေမဲ့ နည်းပြ မာရက်စကာက ကွန်းဖရန့်လိဂ် ရှုံးထွက်အဆင့်လူစာရင်းမှာ ပါလ်မာလို ကစားသမားကိုတောင် ပြန်လည်ထည့်သွင်းပြီး ဖလားသေ ချာပေါက်ရယူနိုင်ရေး အမှားအယွင်းမရှိအောင် ပြင်ဆင်နေတယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကျပ် ကစားရဖို့ရှိနေလို့ မာရက်စကာအနေနဲ့ အရန်ကစားသမားတွေကိုပဲ ဦးစားပေး ပွဲထုတ်ဖို့ ရှိပါတယ်။ ကိုပင်ဟေဂင်အသင်းက လန်ဒန်မြေမှာ ဖိအားပေးနိုင်စွမ်း မရှိပါဘူး။ အိမ်ရှင်ပဲ ကြိုက်တယ်။

အခြားပွဲစဉ်များ

လီဂီယာဝါဆော - မိုလ်ဒီ*
ဆာကယ်ဘရုဂေး -ယာဂယ်လိုနီယာ*
* လူဂါနို - ဆယ်ရယ်
* ရက်ပစ်ဝီအန် - ဘိုရက်
ယာဂါးဒန်း - ပါဖိုးစ်*

မူရင်းသတင်း — Eleven Media Group