
အာဆင်နယ်နောက်ခံကစားသမား ဆာလီဘာက ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟု သတင်းထွက်နေသော်လည်း မိမိအနေဖြင့် အာဆင်နယ်တွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် လာမည့်နွေတွင် ဆာလီဘာ(၂၃ နှစ်)အား အဓိကပစ်မှတ်အဖြစ် ခေါ်ယူရန် ကြိုးပမ်းမည်ဟု သတင်းများထွက်ပေါ်နေသည်။
ဆာလီဘာသည် အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်းနှင့်အတူ အဓိကဆုဖလားများ ရယူလိုကြောင်း ပြောကြားခဲ့သည်။
ဆာလီဘာက ''ဒီမှာ ကျွန်တော် တကယ်ပျော်ပါတယ်။ စာချုပ်လည်း ရှိသေးတယ်လေ။ အသင်းနဲ့အတူ အဓိကဆုဖလားတွေ ရယူချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ဆာလီဘာသည် လက်ရှိအချိန်တွင် အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ခြေစွမ်းပြနေသောကြောင့် ရီးယဲလ်အသင်းအနေဖြင့် ပေါင်သန်း(၁၀၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းရမည်ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက အကဲဖြတ်ထားသည်။