Eleven Media Group

ခြေချင်းဝတ်ဒဏ်ရာကြောင့် လိဂ်ဖလား ဗိုလ်လုပွဲကို အာနိုးလ် လွဲချော်ဖွယ်ရှိ

Photo: X

လီဗာပူးလ်အသင်း ညာနောက်ခံလူ အလက်ဇန္ဒားအာနိုးလ်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
အာနိုးလ်သည် PSG အသင်းနှင့်ကစားသည့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၇၃ မိနစ်တွင် လူစားလဲခဲ့ရသည်။
၎င်းအနေဖြင့် မတ် ၁၆ ရက်တွင် နယူးကာဆယ်အသင်းနှင့်ကစားရမည့် လိဂ်ဖလား ဗိုလ်လုပွဲကို လွဲချော်မည်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက ဖော်ပြခဲ့ပြီး ဒဏ်ရာမှာ ပြင်းထန်မှုမရှိသောကြောင့် ရာသီမကုန်မီ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
၎င်းနေရာတွင် အစားဝင်နိုင်သူ လူငယ်ကစားသမား ကော်နာဘရက်ဒလေ (၂၁ နှစ်) မှာလည်း ဒဏ်ရာရရှိထားသဖြင့် ခံစစ်အတွင်းလူ ကွမ်ဆာ (၂၂ နှစ်) ကို ညာနောက်ခံလူအဖြစ် အသုံးပြုဖွယ် ရှိနေသည်။
အာနိုးလ်အပြင် အခြားကစားသမား(၃)ဦးမှာလည်း အဆိုပါပွဲကို လွဲချော်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။

မူရင်းသတင်း — Eleven Media Group