
ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းမှ တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအား အပြီးသတ်ခေါ်ယူဖွယ်မရှိကြောင်း သိရသည်။
ဆန်ချို (၂၄ နှစ်)သည် ပြီးခဲ့သည့်နွေက မန်ယူအသင်းမှ ချယ်လ်ဆီးအသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ပေါင် (၂၅)သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်ရှိသည်ဆိုသောအချက်ပါ ပါဝင်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းအတွက် အဆိုပါပြောင်းရွှေ့ကြေးမှာ မပြောလောက်သော်လည်း ကစားသမားနှင့် လစာအပါအဝင် အခြားကိစ္စများ သဘောတူညီမှုမရသည့်အတွက် အငှားစာချုပ်ပြည့်ပါက မန်ယူသို့ပြန် ပို့ဖွယ်ရှိနေကြောင်း သိရသည်။
ဆန်ချိုသည် မန်ယူအသင်းတွင် နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်နှင့် အဆင်မပြေဖြစ်ခဲ့သောကြောင့် ချယ်လ်ဆီးသို့ အငှားဖြင့် ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းက လစာတစ်ဝက် ပေးနေရကြောင်း သိရသည်။