
လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်ကလပ် (၇)သင်းအထိ ယှဉ်ပြိုင်ခွင့်ရနိုင်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ပုံမှန်အားဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်ကလပ်(၄)သင်းသာ ယှဉ်ပြိုင်ခွင့်ရရှိသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်ခဲ့ပြီးနောက် UEFA ၏ အဆင့်သတ်မှတ်ချက်အမြင့်ဆုံးနိုင်ငံနှစ်ခုမှ ကလပ်အသင်း(၂)သင်း ထပ်တိုးယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
လက်ရှိအချိန်တွင် အင်္ဂလန်က အဆိုပါအဆင့်သတ်မှတ်ချက်၌ ပြိုင်ဘက်များထက် အသာရနေသည့်အတွက် ဝင်ခွင့်တစ်နေရာ ထပ်တိုးဖွယ်ရှိနေခြင်းဖြစ်သည်။
ထို့ပြင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်၌ အက်စတွန်ဗီလာ၊ မန်ယူနှင့် စပါးတို့ ဗိုလ်စွဲခဲ့ပါက (၇)သင်းအထိ ယှဉ်ပြိုင်ခွင့်ရနိုင်ခြင်းဖြစ်သည်။