Eleven Media Group

■ ဒါလော့ကို ခေါ်ယူရန် ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ် အပြိုင်ဖြစ်နေ

ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် မန်ယူအသင်းမှ ပေါ်တူဂီနောက်ခံလူ ဒါလော့ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။

ဒါလော့(၂၅ နှစ်)သည် မန်ယူအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း မန်ယူအသင်း၏ ကျဆင်းနေသည့်အခြေအနေကြောင့် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။

ထို့ကြောင့် ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်တို့က ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး ခံစစ်ပိုင်းကို အားဖြည့်ရန် စီစဉ် နေသည့် ရီးယဲလ်အသင်းက နွေရာသီတွင် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

ပေါ်တူဂီလက်ရွေးစင်နောက်ခံလူ ဒါလော့သည် ၂၀၁၈ ခုနှစ်တွင် ပေါ်တိုအသင်းမှ မန်ယူအသင်းထံသို့ ပေါင် (၁၉) သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

၎င်းသည် နည်းပြ အာမိုရင်မ်လက်ထက်တွင် အဓိကကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး မန်ယူအသင်းကမူ ၎င်းကို ရောင်းထုတ်လိုခြင်းမရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group