
လီဗာပူးလ်အသင်းသည် PSG အသင်းတွင် ခြေစွမ်းပြနေသည့် ပြင်သစ် တိုက်စစ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူရန် ပစ်မှတ်ထားနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)သုံးစွဲရန် အသင့်ရှိနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း အဆင်မပြေဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် လာမည့်နွေတွင် ဆာလာ ထွက်ခွာသွားပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် PSG တိုက်စစ်ကစားသမား ဒမ်ဘီလီအား ပစ်မှတ်ထားနေခြင်းဖြစ်သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဒမ်ဘီလီသည် ယခုရာသီတွင် PSG အသင်းအတွက် အဓိကခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၃၆) ပွဲတွင် (၂၉) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၆) ကြိမ်အထိ ပြုလုပ်ထားသည်။
ဒမ်ဘီလီသည် PSG အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး လီဗာပူးလ်အနေဖြင့် ၎င်းကို ခေါ်ယူရန် ခက်ခဲနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
သို့သော် လီဗာပူးလ်အသင်းသည် ဆာလာကို လက်လွှတ်ခဲ့ရမည်ဆိုပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ဒမ်ဘီလီကို ယူရိုသန်း (၁၀၀) အထိ အသုံးပြုကာ ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။