
ဘိုဟုမ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၀၀ နာရီ)
ဘိုဟုမ်အသင်းက လတ်တလောမှာ ဒေါ့မွန်၊ ဘိုင်ယန်လို အသင်းတွေကိုတောင် အနိုင်ကစားထားတယ်။ ဘိုဟုမ် အမှတ် ရခဲ့ရင် အံ့သြစရာ မရှိပါဘူး။
ဟိုင်းဟိုင် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၁:၀၀ နာရီ)
ဇယားအောက်ဆုံးနှစ်သင်း ထိပ်တိုက်တွေ့ဆုံကြတာပါ။ ဒီတစ်ပွဲတော့ ဟိုင်းဟိုင်အသင်း အိမ်ကွင်းနိုင်ပွဲ ပြန်ယူလိမ့်မယ် ထင်တယ်။
စတုဂတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် မတ်လ ၁၇ ရက် နံနက် ၁:၀၀ နာရီ)
ဒီနှစ်သင်း ဘွန်ဒစ်လီဂါတွေ့ဆုံမှု နောက်ဆုံးလေးပွဲဆက်တိုက် သရေကျထားခဲ့တယ်။ လေဗာကူဆင်အသင်း အမြင့်ဆုံး ခြေစွမ်းရခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာတောင် စတုဂတ်ကို နှစ်ကျော့စလုံး အနိုင်မကစားနိုင်ခဲ့ဘူး။ လေဗာကူဆင်အနေနဲ့ ချန်ပီယံ လိဂ် ဘိုင်ယန်နဲ့ နှစ်ကျော့ကြားမှာ ရှုံးပွဲတောင် ပြန်တွေ့ခဲ့ရတယ်။ ချန်ပီယံလိဂ်က ထွက်ထားခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ ထိ ခိုက်မှုကလည်း အခုပွဲအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ စတုဂတ်အသင်းကလည်း လေးပွဲဆက်နိုင်ပွဲပျောက်ပြီး အိမ် ကွင်းနှစ်ပွဲဆက် အရေးနိမ့်ထားတယ်။ ဒါပေမဲ့ စတုဂတ် သရေတော့ ရလောက်တယ်။