Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လိုင်ယွန် - လူအယ်ဗာ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၈:၃၀ နာရီ)
တောက်လျှောက် ခြေမှန်နေတဲ့ လိုင်ယွန်အတွက် တန်းဆင်းဇုန်ရောက်တဲ့ လူအယ်ဗာက ပြိုင်ဘက်မဟုတ်ဘူး။ လိုင်ယွန်ပဲ ဂိုးပြတ်အနိုင်ရလိမ့်မယ်။


မောင့်ပယ်လီယာ - စိန့်အက်တီယန် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၀:၄၅ နာရီ)
ဇယားအောက်ဆုံးက နှစ်သင်းရဲ့ပွဲဖြစ်လို့ ကြည့်ကောင်း နိုင်တယ်။ လီဂူး(၆) ပွဲဆက် ရှုံးပွဲဆက်နေမှုကို ရပ်တန့်ဖို့ ကြိုးစား မယ့် အိမ်ရှင် မောင့်ပယ်လီယာကိုပဲ ရွေးထားချင်တယ်။


ဘရက်စ် - Reims (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၀:၄၅ နာရီ)
လီဂူး (၁၄) ပွဲဆက် နိုင်ပွဲပျောက်ပြီး နောက်ဆုံး (၆) ပွဲဆက် ရှုံးနိမ့်ထားတဲ့ Reims အနေနဲ့ ဘရက်စ်ကို ဘယ်အပိုင်းကမှ မ ယှဉ်နိုင်ဘူး။ ဘရက်စ် အနိုင်သေချာတဲ့ပွဲပါ။


စထရာဘိုး - တူးလူး (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၀:၄၅ နာရီ)
နှစ်သင်းစလုံး ရလဒ်တွေကောင်းနေပြီး ခြေစွမ်းလည်းမကွာလို့ အကြိတ်အနယ်ရှိနိုင်တယ်။ အနိုင်ဆိုရင်တော့ အိမ်ရှင်အား သာချက်ရှိတဲ့ စထရာဘိုးကိုပဲ ရွေးထားချင်တယ်။


PSG - မာဆေးလ် (မြန်မာစံတော်ချိန် မတ်လ ၁၇ ရက် နံနက် ၂:၁၅ နာရီ)
ချန်ပီယံလိဂ်မှာ လီဗာပူးလ်ကိုနိုင်ပြီး ကွာတားဖိုင်နယ် တက်ထားလို့ PSG တို့ ပိုပြီးစိတ်အားတက်နေနိုင်တယ်။ ပြီးတော့ PSG အသင်းက လက်ရှိ ဥရောပမှာ Form အကောင်းဆုံးအသင်းဖြစ်သလို၊ လီဂူးချန်ပီယံဆုကိုလည်း ရှုံးပွဲမရှိစံချိန်နဲ့ ရယူဖို့ ကြိုးစားနေတယ်။ မာဆေးလ်က ဒုတိယနေရာမှာ ရပ်တည်နေပေမဲ့ PSG နဲ့ (၁၆) မှတ်အထိ ကွာဟသွားပြီလို့ဖြစ်လို့ ချန်ပီယံဆုကို စိန်ခေါ် ဖို့ မဖြစ်နိုင်တော့ဘဲ အဆင့် (၂) မြဲ အောင်ပဲ ကြိုးစားရမယ့်ပုံရှိတယ်။ လက်ရှိ မာဆေးလ်ရဲ့ ခြေစွမ်းမငြိမ်တာကြောင့် PSG ကို သိပ်ပြီးဒုက္ခပေးနိုင်ဖို့ မရှိဘူး။ PSG နဲ့ ဂိုးအများပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group