
ဗယ်လာဒိုလစ် - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၇:၃၀ နာရီ)
ဗယ်လာဒိုလစ်ကတော့ အခြေအနေသိပ်မကောင်းလှဘူး။ ဆယ်လ်တာကတော့ ခြေငြိမ်နေပြီး နောက်ဆုံး (၅) ပွဲဆက် ရှုံးပွဲ မရှိခဲ့ဘူး။ ဒါပေမဲ့ အစဉ်အလာအရ ဗယ်လာဒိုလစ်ကွင်းမှာအနိုင်ရဖို့ ခက်တတ်လို့ ဂိုးနည်းသရေပဲ ကြိုက်တယ်။
မာယော့ကာ - အက်စ်ပန်ညို (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၉:၄၅ နာရီ)
၂၀၂၂ နောက်ပိုင်းမှာ မာယော့ကာက အက်စ်ပန်ညိုကို အနိုင်ရဖို့ ခက်လာတယ်။ လတ်တလောမှာ မာယော့ကာ သရေပွဲတွေ ဆက်နေပြီး အက်စ်ပန်ညို ခြေငြိမ်နေတာ တွေ့ရတယ်။ ဂိုးအနည်း၊ သရေပွဲထပ်မြင်ရဦးမယ်ထင်တယ်။
ဗီလာရီးယဲလ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၁၂:၀၀ နာရီ)
ချန်ပီယံလိဂ်မှာ အက်သလက်တီကိုနဲ့ အဆုံးအဖြတ်ပွဲကို အဝေးကွင်းမှာကစားပြီး အဆင့် (၅) က ဗီလာရီးယဲလ်ကိုလည်း အဝေးကွင်းမှာဆက်ပြီး ရင်ဆိုင်ရမှာဆိုတော့ ရီးယဲလ်အတွက် အခက်အခဲတော့ ရှိနေလိမ့်မယ်။ ဗီလာရီးယဲလ်က ပြီးခဲ့တဲ့ပွဲမှာ အလာဗတ်စ်ကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့လို့ အခုအိမ်ကွင်းပွဲကို ပိုပြီးအာရုံစိုက်လာနိုင်တယ်။ ဗီလာရီးယဲလ်တိုက်စစ်က ဂိုး သွင်းနှုန်းကျနေပေမဲ့ ရီးယဲလ်ခံစစ်အားနည်းလို့ ဂိုးရဖို့ဖွင့်ကစားလာနိုင်တယ်။ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေကို တွေ့ရနိုင်ပြီး အိမ်ရှင် ဗီလာရီးယဲလ်ကို ရွေးထားချင်တယ်။
ဂျီရိုနာ - ဗလင်စီယာ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် နံနက် ၂:၃၀ နာရီ)
နှစ်သင်းစလုံး တန်းဆင်းဇုန်နဲ့ ဝေးရာရောက်ဖို့ အမှတ်ရှာနေတုန်းပဲ။ ခုနောက်ပိုင်းတော့ ဂျီရိုနာထက် ဗလင်စီယာကစား ပုံက တိုးတက်မှုရှိလာသလို တွေ့ရတယ်။ ဒါကြောင့် ဂျီရိုနာကွင်းမှာလည်း အမှတ်ရအောင် ရှာလိမ့်မယ်။ ဂျီရိုနာခံစစ် မငြိမ်လို့ ဗလင်စီယာနဲ့ ဂိုးအများပဲ ရွေးထားတာ ကောင်းလိမ့်မယ်။