Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

မွန်ဇာ - ပါးမား (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၈:၃၀ နာရီ)
မွန်ဇာက တန်းဆင်းရမယ့်အသင်းဖြစ်ပြီး ဘယ်လိုမှ မျှော်လင့်လို့ရတဲ့ အနေအထားမဟုတ်တော့ဘူး။ ပါးမားကလည်း အဝေးကွင်းဆို ကျဆင်းတတ်တဲ့အသင်းပါ။ သရေကျဖို့ပဲ များတယ်။


အူဒီးနီးစ် - ဗီရိုနာ (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၈:၃၀ နာရီ)
အူဒီးနီးစ်က အထက်မရောက်အောက်မရောက်အသင်းဖြစ်ပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက်လည်း မရှိသလောက်ပါပဲ။ ဗီရိုနာကတော့ ရှုံးပွဲတွေများနေပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာပါ။ ဗီရိုနာကို ကြိုက်တယ်။


အေစီမီလန် - ကိုမို (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၁၁:၃၀ နာရီ)
အေစီမီလန်က နောက်ဆုံးပွဲမှာ လက်ချီကို ပူလီဆစ်ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အေစီမီလန်ရဲ့ ကွင်းတွင်းခြေစွမ်းကိုကြည့်ရင် ရုန်းကန်ရဆဲဆိုတာ မြင်ရတယ်။ ဖာဘရီဂတ်စ်ရဲ့ ကိုမိုက နာပိုလီ၊ ဖီအိုရင်တီးနားတို့လို အသင်းတွေကိုတောင် အနိုင်ကစားခဲ့တယ်။ ဒါကြောင့် အေစီမီလန်ကိုလည်း အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးလိမ့်မယ်။ အေစီမီလန် နိုင်ရင်တောင် ဂိုးမပြတ်နိုင်ဘူး။


တိုရီနို - အမ်ပိုလီ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
တိုရီနိုက နောက်ဆုံး (၃)ပွဲမှာ (၇)မှတ်ရခဲ့ပြီး အေစီမီလန်ကိုတောင် အနိုင်ရခဲ့တယ်။ အမ်ပိုလီကတော့ ရှုံံးပွဲတွေများနေပြီး တန်းဆင်းဇုန်ထဲ ရောက်နေတယ်။ တိုရီနိုကိုရွေးချယ်ချင်ပြီး (၂) သင်းပေါင်းသွင်းဂိုး များနိုင်တယ်။

မူရင်းသတင်း — Eleven Media Group