
၀ါဒါဘရီမင် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၉:၀၀ နာရီ)
၀ါဒါဘရီမင်က လေဗာကူဆင်ကို အနိုင်ကစားပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်ခဲ့တယ်။ ဒါပေမဲ့ အဝေးကွင်းရလဒ်တွေ ကောင်းနေတဲ့ မိုချန်ပဲ ကြိုက်တယ်။
အော့စ်ဘတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၉:၀၀ နာရီ)
အော့စ်ဘတ်က ဘွန်ဒစ်လီဂါ (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ ဝုလ်ဖ်ဘတ်လည်း ရလဒ်ကောင်းနေပေမဲ့ အော့စ်ဘတ် အမှတ်ယူမှာ သေချာပါတယ်။
မိန့်ဇ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၉:၀၀ နာရီ)
မိန့်ဇ်က လေးပွဲဆက် အနိုင်ကစားပြီး တတိယနေရာကို တက်လှမ်းလာတယ်။ လိုက်ပ်ဇစ်၊ မိုချန်ဂလာဘတ်တို့ကို အဝေး ကွင်းမှာ အနိုင်ကစားခဲ့တာပါ။ ဖရိုင်းဘတ်ကလည်း ရလဒ်တွေ ကောင်းနေလို့ သရေကျဖို့များတယ်။
အူန်ယွန်းဘာလင် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်က နောက်ဆုံးပွဲမှာ တတိယနေရာက ဖရန့်ဖတ်ကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ နောက်ဆုံးပွဲ ရှုံးထားတဲ့ ဘိုင်ယန် ဒီပွဲတော့ လူစုံထုတ်လိမ့်မယ်ထင်တယ်။ ဘိုင်ယန်ပဲကြိုက်တယ်။
လိုက်ပ်ဇစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် မတ်လ ၁၅ ရက် ည ၁၂:၀၀ နာရီ)
ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အထည်ကြီးပျက် နှစ်သင်းတွေ့ဆုံကြတာပါ။ ဒေါ့မွန်အသင်းက ကြားရက်မှာ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲ ကစားထားရလို့ ပွဲပိုပန်းနိုင်တာ သတိပြုရမယ်။ နှစ်သင်းအကြား ကစားသမားပိုင်း သိပ်မကွာပေမဲ့ ဂီဟာဆီဦးဆောင်တဲ့ ဒေါ့မွန်တိုက်စစ်ပိုင်းက လုပ်ရည်ကိုင်ရည် အနည်းငယ်ပိုသာပါတယ်။ ဒေါ့မွန်အသင်း အမှတ်ရနိုင်ပါတယ်။