
လီဗာပူးလ် - နယူးကာဆယ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၁:၀၀ နာရီ)
လီဗာပူးလ်အသင်း ချန်ပီယံလိဂ်က ထွက်လိုက်ရတဲ့အရှုံးဒဏ်က ရိုက်ခတ်မှုတော့ ရှိလာနိုင်တယ်။ ဒါပေမဲ့ လီဗာပူးလ်က နယူးကာဆယ်နဲ့ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အပြတ်အသတ် အသာစီးရထားခဲ့တယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက ရှုံးပွဲမရှိတော့တာ (၁၇)ပွဲ ရှိလာပြီး နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာသရေကျကာ (၆)ပွဲအထိ အနိုင်ရခဲ့တယ်။ လီဗာပူးလ်အသင်း လိဂ်ဖလားမှာ ချန်ပီယံ(၁၀)ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်သလို၊ လက်ရှိချန်ပီယံလည်းဖြစ်တယ်။ နယူးကာဆယ်အသင်းကတော့ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဒုတိယ(၂)ကြိမ်သာ ရခဲ့တာပါ။ လီဗာပူးလ်တိုက်စစ်မှာ ဂက်ပို ပွဲထွက်ကစားရင်တော့ စွမ်းဆောင်ရည် ပိုကောင်းနိုင်တယ်။ နယူးကာဆယ်မှာတော့ ဂေါ်ဒွန် ပွဲပယ်ခံထားရလို့ ဟာဗေးဘန်းစ်ကို ပွဲထုတ်နေတာ တွေ့ရပြီး အီဆက်ခ်၊ ဂျာကော့ဘ်မာဖီတို့နဲ့ တွဲကစားတာနည်းလို့ နားလည်မှုပိုင်းမှာ ပြဿနာရှိနိုင်တယ်။ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ လီဗာပူးလ်ပဲ ဗိုလ်စွဲဖို့များပါတယ်။