
ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာသည် နည်းပြဟောင်း တီဒက်စ်ကိုနှင့် ပြဿနာဖြစ်ပြီးနောက် (၂) နှစ်နီးပါးအကြာတွင် လက်ရွေးစင်အသင်း၌ ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
ရီးယဲလ်ဝါရင့်ဂိုးသမား ကော်တိုအာသည် ဘယ်လ်ဂျီယံနည်းပြဟောင်း တာဒက်စ်ကိုလက်ထက်တွင် အသင်းခေါင်းဆောင် ခန့်အပ်မှုနှင့်အငြင်းပွားခဲ့ပြီး ၂၀၂၃ ဇွန်လနောက်ပိုင်းတွင် ဘယ်လ်ဂျီယံအသင်း၌ ရွေးချယ်မခံရတော့ပေ။
ယခုအခါ ဘယ်လ်ဂျီယံအသင်းသည် တာဒက်စ်ကိုအား ရာထူးမှထုတ်ပယ်ပြီး ဝါရင့်နည်းပြ ရူဒီဂါစီယာကို နည်းပြအဖြစ် ခန့်အပ်ထားသည်။
ရူဒီဂါစီယာသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘယ်လ်ဂျီယံလူစာရင်းကို ထုတ်ပြန်ခဲ့ရာ ကော်တိုအာအား ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ရူဒီဂါစီယာက လက်ရှိတွင် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ရာထူးအတွက် လက်ရှိအသင်းခေါင်းဆောင် ဒီဘရိုင်းနား၊ လူကာကူနှင့် ကော်တိုအာတို့ထဲမှာ တစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။