
ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် ပေါင်ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည့်အတွက် ဒေါသထွက်နေကြောင်း သိရှိရသည်။
နေမာ (၃၃ နှစ်)သည် ၂၀၂၃ အောက်တိုဘာတွင် ACL ဒဏ်ရာရပြီးကတည်းက ဘရာဇီးလ်အသင်းအတွက် ပြန်လည်ကစားနိုင်ခြင်းမရှိသေးပေ။
၎င်းသည် မတ်လနိုင်ငံတကာရက်သတ္တပတ်တွင် ကိုလံဘီယာ၊ အာဂျင်တီးနားတို့နှင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမည့် ဘရာဇီးလ်အသင်း၌ ရွေးချယ်ခံခဲ့ရသည်။
သို့သော် နေမာသည် လက်ရှိတွင် ပေါင်ဒဏ်ရာရရှိနေခြင်းကြောင့် ဘရာဇီးလ်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရသည်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) က နေမာ၊ မန်စီးတီးဂိုးသမား အီဒါဆန်နှင့် ဖလာမင်ဂိုနောက်ခံလူ ဒန်နီလိုတို့ မှာ ဒဏ်ရာပြဿနာများကြောင့် အသင်းလူစာရင်းမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ယခုအခါ နေမာက (၁၈)လနီးပါးအတွင် ဘရာဇီးလ်အသင်းတွင် ပြန် ကစားခွင့်ရမည့် အခွင့်အရေးကိုလက်လွှတ်ခဲ့ရခြင်းအတွက် ဒေါသထွက်ရ ကြောင်း ၎င်း၏ Instagram တွင်ဖော် ပြခဲ့ခြင်းဖြစ်သည်။ နေမာက "အရမ်း နီးစပ်ခဲ့ပြီးမှ ကံမကောင်းခဲ့ဘူး။ အခု အချိန်မှာ ကမ္ဘာပေါ်က အလေးဆုံး အင်္ကျီကို ဝတ်ဆင်ဖို့ ကျွန်တော့် ကြံ့ခိုင်မှု မပြည့်ပါဘူး။ မက်ဆေ့ချ်နဲ့ အားပေးခဲ့သူတွေကို ကျေးဇူူးတင်ပါတယ်။ ဘရာဇီးလ်အတွက် ကျွန်တော် ဘယ်လောက်ကစားချင်တယ်ဆိုတာကို လူတိုင်းသိပါတယ်။ အကြာကြီး ဆွေးနွေးပြီးနောက်မှာ စွန့်စားမှုတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒဏ်ရာကင်းအောင် ကျွန်တော် ကြိုးစားမှာပါ"ဟု Instagram တွင် ရေးသားခဲ့သည်။