Eleven Media Group

သမီးလေးအတွက် ချော့မြှူတဲ့ဂိုး (Life)

Photo: X

အယ်လ်နာဆာအသင်းရဲ့ တောင်ပံကစားသမား ဆာဒီယိုမာနေးက အယ်လ်ခူလူအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂိုးသွင်းပြီးတဲ့နောက် အောင်ပွဲခံတဲ့အခါမှာတော့ ကစားသမားဘဝတစ်လျှောက် ဘယ်တုန်းကမှ မပြုလုပ်ခဲ့ဖူးတဲ့ အောင်ပွဲခံပုံနဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။ ကလေးတစ်ယောက်ကို လက်နှစ်ဖက်ပေါ်တင်ပြီး ပွေ့ချီချော့ မြှူတဲ့ပုံစံနဲ့ မာနေးက အောင်ပွဲခံခဲ့တာပါ။ မာနေးက ဂိုးတွေအများကြီး သွင်းယူထားတဲ့ နာမည်ကျော် တောင်ပံကစားသမားတစ်ယောက်ဖြစ်တာကြောင့် အောင်ပွဲခံပုံအမျိုးမျိုးကို သူလုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကလေးချော့တဲ့ပုံတဲ့ မလုပ်ခဲ့ဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ပြီးခဲ့တဲ့နှစ်ကမှ အိမ်ထောင်ရှင်ဘဝကို ကူးပြောင်းခဲ့တဲ့သူ၊ အယ်လ်ခူလူနဲ့ပွဲ မတိုင်ခင်မှာမှ သမီးလေးတစ်ယောက် ပိုင်ဆိုင်ခဲ့သူဖြစ်တာကြောင့်ပါ။ အယ်လ်ခူလူနဲ့ပွဲက သွင်းဂိုးဟာ ကလေးအဖေဘ၀ ရောက်ရှိပြီးတဲ့နောက် မာနေး ပထမဆုံးသွင်းယူတဲ့ဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မာနေးက လာမယ့်ဧပြီဆို (၃၃)နှစ်ပြည့်မှာပါ။ သူက ဥရောပဘောလုံးရပ်ဝန်းမှာ ဆုဖလားအောင် ပွဲများစွာရယူပြီး ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲပုံရိပ်တစ်ခုကို ခိုင်မာစွာ ချန်ထားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နွေရာသီမှာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့တာပါ။ အယ်လ်နာဆာအသင်းမှာ တစ်နှစ်လစာပေါင်(၃၃) သန်းဝန်းကျင်ရရှိနေပါတယ်။ မာနေးက ၂၀၂၄ ဇန်နဝါရီမှာ အိုက်ရှာတမ်ဘာဆိုတဲ့ ဆယ်ကျော်သက်အမျိုးသမီးလေးနဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့အသက် (၃၁)၊ တမ်ဘာက (၁၈)နှစ်ပေါ့။ မာနေးရဲ့ အေးဂျင့်က တမ်ဘာ့အဖေနဲ့ မိတ်ဆွေတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦးကို မိတ်ဆက်ပေးခဲ့ရာက လက်ထပ်တဲ့အဆင့်အထိ ရောက်ရှိလာခဲ့တာပါ။ အေးဂျင့်ရဲ့ အဆိုအရတော့ မာနေးနဲ့ တမ်ဘာတို့ရဲ့ ပေါင်းဖက်မှုကို ဘမ်ဘာလီတစ်ရွာလုံးက ကျေနပ်ဝမ်းမြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခု လက်ထပ်ပွဲအပြီး (၁၄)လအကြာမှာတော့ တမ်ဘာက မာနေးအတွက် သမီးလေးတစ်ယောက် မွေးဖွားပေးခဲ့ပါပြီ။ ကြာသပတေးနေ့မှာ သမီးလေး မွေးဖွားခဲ့ပြီး သောကြာနေ့မှာ မာနေးက ဂိုးသွင်းခဲ့တာပါ။ မာနေးရဲ့ ထူးခြားတဲ့အောင်ပွဲခံပုံဟာ သမီးလေးအတွက် ရည်ညွှန်းခြင်းဖြစ်ကြောင်း အယ်လ်နာဆာအသင်းက ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ပြီးတော့ မာနေးနဲ့ မာနေးရဲ့ မိသားစုအနေနဲ့ အဆုံးမရှိတဲ့ ပျော်ရွှင်ခြင်းတွေ ရရှိပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။ မာနေးအနေနဲ့ သမီးလေးအတွက် ရည်ညွှန်းမယ့်သွင်းဂိုးတွေ ဘယ်လောက်ထပ်သွင်းနိုင်ဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ပြီးတော့ သမီးလေးရဲ့နောက်မှာ သားလေး၊ သမီးလေးတွေ ဘယ်လောက်ထပ်ပြီး ရောက်လာဦးမလဲ ဆိုတာကိုရောပေါ့။ မာနေးက တမ်ဘာနဲ့ လက်ထပ်ပြီးတဲ့နောက် မိသားစုစီမံကိန်းအကြောင်း မေးမြန်းခဲ့ရာမှာ သားသမီး(၃၊ ၄)ယောက် ရယူသွားချင်တယ်လို့ ဖြေခဲ့ဖူးတာကြောင့်ပါ။

မူရင်းသတင်း — Eleven Media Group