မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်က မာယာဂျမားနဲ့ ချစ်သူတွေ ဖြစ်နေတဲ့အကြောင်း အတည်မပြုသေးပါဘူး။ ဒါပေမဲ့ တိုးတိုးတိတ်တိတ် တစ်ရွာလုံးသိဆိုသလိုပဲ ဘောလုံးပရိသတ်တော်တော်များများကတောင် သိနေကြပါပြီ။ ရူဘင်ဒီယက်စ်နဲ့ မာယာဂျမားတို့ကလည်း ပရိသတ်ရှေ့ လူလုံးထွက်ပြပြီး အတည်မပြုသေးတာကလွဲရင် ရိပ်ဖမ်းသံဖမ်းတော့ ချပြနေကြတာပဲလေ။ ပါရီက အီဖယ်လ်မျှော်စင်ကြီးနား နှစ်ယောက်အတူ ရောက်ရှိခဲ့ကြကြောင်း တစ်ယောက်ချင်း ရှုခင်းတူဓာတ်ပုံတွေ ရိုက်ကူးပြီး လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာတွေ၊ နှစ်သစ်ကူးကာလတုန်းက အီဘစ်ဇာကမ်းခြေမှာ နေဝင်ချိန်ကို အတူကြည့်ခဲ့ကြောင်း နောက်ကျောပေးထားတဲ့ ဓာတ်ပုံနဲ့ ပြသခဲ့တာမျိုးတွေပေါ့။

ပြီးခဲ့တဲ့ ချစ်သူများနေ့တုန်းကလည်း မာယာဂျမားက နှင်းဆီပန်းစည်းကြီး လက်ဆောင်ရတဲ့အကြောင်း ကြွားရင်း ပေါ်တူဂီဘာသာစကားကို လေ့လာသင်ယူနေပြီလို့ ဆိုခဲ့ပါသေးတယ်။ ဗြိတိန်မီဒီယာတွေကတော့ ဒီယက်စ်နဲ့ မာယာဂျမားတို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ စတွေ့ခဲ့ကြတာဖြစ်ပြီး မြင်မြင်ချင်းတစ်ယောက်ကို တစ်ယောက် သဘောကျခဲ့ကြတာဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာ ခရီးအတော်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ မာယာဂျမားက အသက်(၃၀)ရှိပါပြီ။ နာမည်ကျော် ရုပ်သံအစီအစဉ် Love Island မှာ Host အဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်အထိလည်း ရုပ်သံတင်ဆက်သူတစ်ဦးအဖြစ် လုပ်ဆောင်နေတာပါ။ သူက ဗြိတိန်ရက်ပ်အဆိုတော် စတွမ်ဇီနဲ့ ကာလရှည်တွဲခဲ့ဖူးပြီး ၂၀၂၄ ဇူလိုင်မှာမှ လမ်းခွဲခဲ့တာပါ။ ဒီတော့ လမ်းခွဲပြီး နှစ်လအကြာမှာ ရူဘင်ဒီယက်စ်နဲ့ ဆုံတွေ့ခဲ့ကြခြင်းလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့မှာတော့ မာယာဂျမားက မန်စီးတီးအသင်းရဲ့ အစ်တီဟတ်ကွင်းကို ရောက်လာခဲ့ပါတယ်။ မန်စီးတီး ၂-၂ ဘရိုက်တန်ပွဲကို လာရောက်အားပေးခဲ့တာဖြစ်ပြီး Private Box ထဲကနေ သူငယ်ချင်းတွေနဲ့အတူ ကြည့်ရှုခဲ့တာပါ။ Private Box ဆိုတာက နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ စီးပွားရေးသမားတွေ၊ မန်စီးတီးကစားသမား ဒါမှမဟုတ်နည်းပြတွေရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေသာ ကြည့်ရှုခွင့်ရတဲ့နေရာဖြစ်တာကြောင့် မာယာဂျမား ရောက်လာတာ ရူဘင်ဒီယက်စ်ကြောင့် ဆိုတာ ထင်ရှားနေပါတယ်။ မာယာဂျမားက သူငယ်ချင်းတွေနဲ့အတူ Private Box ထဲ သီချင်းဆိုပြီး ကနေတဲ့ ဗီဒီယိုဖိုင်ကို TikTok မှာ တင်ခဲ့တာကြောင့်လည်း အစ်တီ ဟတ်ကွင်းထဲ ပထမဆုံးအကြိမ် ရောက်ရှိလာပြီဖြစ်ကြောင်း ပရိသတ်တွေ သိရှိခဲ့ကြတာပါ။