
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ Big Six စာရင်းဝင် ပြိုင်ဘက်များနှင့် ဆုံတွေ့သည့် နောက်ဆုံးပွဲ(၂၀)ဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် မန်စီးတီး အသင်းကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း Big Six ပြိုင်ဘက်များကို မရှုံးနိမ့်တော့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းအနေဖြင့် ရှုံးပွဲမရှိသည့်ပွဲ(၂၀)တွင် နိုင်ပွဲ(၁၂)ပွဲအထိ ရရှိခဲ့ကြောင်းလည်း သိရသည်။
အာဆင်နယ်အသင်းသည် ယင်းကာလအတွင်း ချယ်လ်ဆီးအသင်းနှင့် (၅)ပွဲဆုံတွေ့ခဲ့ရာတွင် (၃)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့သည်။
အာဆင်နယ်အသင်းသည် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်၌ နောက်ဆုံး(၇) ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း နှစ်သင်းကြား အရှည်ကြာဆုံး ရှုံးပွဲမရှိမှတ်တမ်း ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
အာဆင်နယ်အသင်းအနေဖြင့် မန်စီးတီးကို (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ မန်ယူကို (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ လီဗာပူးလ်ကို (၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ စပါးကို (၃)ပွဲနိုင်၊ (၁)ပွဲသရေ ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် Big Six ပြိုင်ဘက်များထဲမှ လီဗာပူးလ် နှင့် တစ်ပွဲသာယှဉ်ပြိုင်ရန် ကျန်ရှိတော့ကြောင်း သိရသည်။