Eleven Media Group

ပေါ့ဘာ ခြေစွမ်းပြနိုင်ဦးမည်ဟု ပြင်သစ်နည်းပြ ဒေးရွှမ့် သုံးသပ်

Photo: X

ပြင်သစ်နည်းပြ ဒေးရွှမ့်က ပေါ့ဘာအနေဖြင့် ထိပ်တန်းခြေစွမ်းကို ပြသနိုင်ဦးမည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ပေါ့ဘာ (၃၂ နှစ်)သည် တားမြစ်ဆေးကြောင့် ပွဲပယ်ခံခဲ့ရပြီး ယင်းပွဲပယ်ပြစ်ဒဏ်မှာ မတ်လ ၁၈ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။
သို့သော် ပေါ့ဘာသည် ဂျူဗင်တပ်စ်နှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့့ဖြစ်နေရာ လက်ရှိတွင် အသင်းရှာဖွေနေဆဲဖြစ်ကြောင်း သိရှိရသည်။
ဒေးရွှမ့်က ''ကျွန်တော် ပေါ့ဘာနဲ့ စကားပြောဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မပြောချင်ပါဘူး။ သူက ထိပ်တန်းအဆင့်ကို ပြန်ရနိုင်စွမ်းရှိနေသူပါ''ဟု ပြောကြားခဲ့သည်။
ပေါ့ဘာသည် ၂၀၁၃ ခုနှစ်တွင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး စုစုပေါင်း (၉၁)ပွဲ ကစားကာ (၁၁)ဂိုး သွင်းယူပေးထားသူဖြစ်သည်။

မူရင်းသတင်း — Eleven Media Group