
လီဗာပူးလ်အသင်းသည် အက်သလက်တီကိုအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် လာမည့်နွေရာသီတွင် အီဂျစ်တိုုက်စစ်ကစားသမား ဆာလာနှင့် လမ်းခွဲရန် နီးစပ်နေသလို၊ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကိုလည်း ရောင်းထုတ်ရန် စီစဉ်နေရာ ပြန်လည်အစားထိုးရန်အတွက် အယ်လ်ဗာရက်ဇ်ကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ပိုမိုသဘောကျသော်လည်း ခေါ်ယူနိုင်ရန် အလားအလာနည်းပါးနေသည့်အတွက် အယ်လ်ဗာရက်ဇ်ဘက်သို့ ဦးလှည့်လာခြင်းဖြစ်ကြောင်း သိရသည်။
၎င်း၏အေးဂျင့်ကလည်း အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် လီဗာပူးလ်အသင်း စိတ်ဝင်စားနေကြောင်း အတည်ပြုခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် အမှန်တကယ်ကြိုးပမ်းမည်ဆိုပါက ပေါင်သန်း(၁၀၀)အထက် သုံးစွဲရဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။