Eleven Media Group

လာမည့်နွေရာသီတွင် ချယ်လ်ဆီးအသင်း ကစားသမား(၈)ဦးဝန်းကျင်အထိ ရှင်းထုတ်ဖွယ်ရှိ

Photo: Chelsea

ချယ်လ်ဆီးအသင်းသည် လာမည့် နွေရာသီတွင် အသင်းမှ ကစားသမား(၈)ဦးဝန်းကျင်ကို ရှင်းထုတ်ဖွယ်ရှိကြောင်း နာမည်ကျော်အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ တောင်ပံကစားသမား ကန်ဒါနှင့် ကွင်းလယ်ကစားသမား အီဆူဂိုတို့ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် ကစားသမားသစ်များ ထပ်မံအားဖြည့်ရန် စီစဉ်နေသလို၊ အသင်းတွင် နေရာမပေးနိုင်သည့် ကစားသမားများကိုလည်း ရှင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲရမည့် ကစားသမားများထဲတွင် လက်ရှိအချိန်၌ အငှားချခံထားရသည့် ကယ်ပါ၊ ဒီဆာဆီတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
''ချယ်လ်ဆီးအသင်းက အရေးပါတဲ့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့အတွက် အသုံးစရိတ်ပြန်လည်ရရှိအောင် ကစားသမား(၈)ဦးလောက်အထိ ရောင်းထုတ်ဖို့ ကြိုးပမ်းသွားပါလိမ့်မယ်'' ဟု ဖာဘရီဇီယိုရိုမာနိုက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group