Eleven Media Group

၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရာသီကုန်ရပ်တည်မှု အမှတ်ပေးဇယားကို Opta ခန့်မှန်းခဲ့ပြီး ထိပ်ဆုံးလေးသင်းတွင် လီဗာပူးလ်၊ အာဆင်နယ်၊ နော်တင်ဟမ်နှင့် မန်စီးတီး ရပ်တည်မည်

Photo: AFP

၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရာသီကုန်ရပ်တည်မှု အမှတ်ပေးဇယားကို Opta ခန့်မှန်းခဲ့ပြီး ထိပ်ဆုံးလေးသင်းတွင် လီဗာပူးလ်၊ အာဆင်နယ်၊ နော်တင်ဟမ်နှင့် မန်စီးတီး ရပ်တည်မည်ဟု ဖော်ပြခဲ့သည်။

လက်ရှိတွင် ပရီးမီးယားလိဂ်အသင်း ၂၀ အနက် ၁၈ သင်းမှာ ၂၉ ပွဲစီ ကစားထားသောကြောင့် လက်ကျန်ကိုးပွဲသာ ကျန်တော့ပြီး နယူးကာဆယ်နှင့် ခရစ္စတယ်ပဲလေ့စ်မှာ လိဂ်ဖလားဗိုလ်လုပွဲကြောင့် ၎င်းတို့ကစားမည့်ပွဲစဉ်ရွှေ့ဆိုင်းခဲ့ရသဖြင့် ၁၀ ပွဲစီကစား ရန် ကျန်နေခြင်းဖြစ်သည်။

လီဗာပူးလ်အသင်း အာဆင်နယ်အသင်းကို ၁၂ မှတ်ဖြတ် ဦးဆောင်နေပြီး ရာသီကုန်တွင် ယင်းထက်ပိုမိုသည့် ရမှတ်ကွာခြားမှုဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိမည်ဟု Opta က ခန့်မှန်းခဲ့သည်။

လက်ရှိအဆင့်လေးနေရာတွင် ရပ်တည်နေသည့် ရာသီကုန်၌ အဆင့်ခြောက်နေရာသာ ရရှိမည်ဟု ဖော်ပြခဲ့သည်။ ယခုရာသီတွင် ရလဒ်များဆိုးရွားခဲ့သော ထိပ်သီးအသင်းနှစ်သင်းဖြစ်သည့် မန်ယူနှင့် စပါးအသင်းများမှာ ရာသီကုန် အဆင့် ၁၃ နှင့် အဆင့် ၁၄ နေရာတွင်သာ ရပ်တည်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အမှတ်ပေးဇယားအောက်ဆုံးမှ အသင်းသုံးသင်းဖြစ်သည့် အစ်ဝစ်ချ်၊ လက်စတာနှင့် ဆောက်သမ်တန်အသင်းများမှ ဇယားအောက်ဆုံး သုံးနေရာမှ ရုန်းထွက်နိုင်ခြင်းမရှိဘဲ လက်ရှိရပ်တည်မှု အတိုင်း တန်းဆင်းသွားမည်ဟု ခန့်မှန်းထားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မေလ ၂၅ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group