Eleven Media Group

တူဟယ်လ်၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ ပြင်းထန်ကြောင်း ဂစ်ဝှိုက် ပြောကြား

Photo: X

အင်္ဂလန်ကွင်းလယ်ကစားသမား မော်ဂန်ဂစ်ဝှိုက်က အသင်းနည်းပြ တူဟယ်လ်၏ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ပြင်းထန်ကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်နည်းပြ တူဟယ်လ်သည် တနင်္လာနေ့တွင် အင်္ဂလန်ကစားသမားများကို ပထမဆုံးအကြိမ်လေ့ကျင့်စေခဲ့ပြီး ကစားသမားများကို ညီအစ်ကိုများကဲ့သို့ သဘောထားဆက်ဆံကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဂစ်ဝှိုက်သည် ကနဦးတွင် တူဟယ်လ်၏ အင်္ဂလန်လူစာရင်း၌ ပါဝင်ခဲ့ခြင်း မရှိသော်လည်း ပါလ်မာ နုတ်ထွက်ခဲ့ခြင်းကြောင့် ၎င်း၏နေရာအတွက် အစားထိုးခေါ်ယူခြင်းခံခဲ့ရသူဖြစ်သည်။

ယခုအခါ ဂစ်ဝှိုက်က တူဟယ်လ်သည် အင်္ဂလန်အသင်းနှင့်အတူ အောင်မြင်မှုရယူရန် လာရောက်သူဖြစ်ပြီး ၎င်း၏ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ ပြင်းထန်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂစ်ဝှိုက်က "တူဟယ်လ်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက ပြင်းထန်ပါတယ်။ ကျွန်တော်ကတော့ အဲဒါကို သဘောကျပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ခင်ဗျားလိုချင်တာကို သိမယ်ဆိုရင် ခင်ဗျားအနေနဲ့ သူ့ကို ယုံကြည်မှာပါ။ တူဟယ်လ်က အရာရာကို အလေးအထားနက်ထားသူဖြစ်ပြီး သူဟာ အင်္ဂလန်အသင်းကို အပျော်လာကိုင်တာ မဟုတ်ဘဲ အောင်မြင်မှုတွေ ရယူဖို့လာခဲ့တာပါ။ သူနဲ့ လက်တွဲခွင့်ရတာ အရမ်းကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group