နာမည်ကျော်ဘောလုံးသမားတွေရဲ့ တကယ့်ဘဝတွေကို မှတ်တမ်းရုပ်ရှင်ပုံစံ ရိုက်ကူးတင်ဆက်ထားတဲ့ Married to the Game Season (2) ကို ဧပြီ(၈)ရက်နေ့မှာ ထုတ်လွှင့်တော့မှာပါ။ ဒီနာမည်နဲ့ တခြားအားကစားသမားတွေရဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတာတွေလည်း ရှိနေပြီး ဘောလုံးသမားတွေရဲ့အကြောင်းကိုတော့ ၂၀၂၄ ခုနှစ်မှာမှ Season 1 အဖြစ် စတင်ခဲ့တာပါ။ အခု တစ်နှစ်ကျော်အကြာမှာ Season 2 ကို ထပ်မံ တင်ဆက်သွားမှာဖြစ်ပြီး Season 1 တုန်းက ပါဝင်ခဲ့သူတွေအပြင် အသစ်တွေလည်း ထပ်ပြီးပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့တဲ့ Trailer ထဲက ပြကွက်တွေအရ Season 1 တုန်းကလိုပဲ ဒရာမာအပြည့်နဲ့ မြင်တွေ့ရလိမ့်ဦးမယ်လို့ ဗြိတိန်မီဒီယာတွေက ညွှန်းဆိုထားပါတယ်။ ဒီရုပ်သံအစီအစဉ်မှာကလည်း လက်ရှိပရီးမီးယား လိဂ်ကစားသမားတွေ၊ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေပဲ ပါဝင်တာပါ။ Married to the Game ဆိုတဲ့အတိုင်း ဘောလုံးသမားတွေ သာမက သူတို့ရဲ့ အိမ်ထောင်ဖက်ကြင်သူသက်ထားတွေကလည်း အဓိကပါဝင်နေကြတာပေါ့။

Season 1 မှာတုန်းက မန်စီးတီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဂွန်ဒိုဂန်နဲ့ မာရက်ဇ်၊ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုတို့ ပါဝင်ခဲ့ပြီး အခု Season 2 မှာ မာရက်ဇ် နဲ့ ဂျော်ဂျင်ဟိုတို့ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ မာရက်ဇ်က မန်စီးတီးမှာ မဟုတ်တော့ဘဲ ဆော်ဒီကလပ် အယ်လ်အာလီအသင်းရဲ့ ကစားသမား ဖြစ်နေခဲ့ပါပြီ။ Married to the Game အစီအစဉ်မှာ မာရက်ဇ်ရဲ့နံဘေး ရှိနေခဲ့သူကတော့ ဒုတိယဇနီး တေလာဝပ်ဒ်ပါ။ မာရက်ဇ်က ၂၀၁၅ ခုနှစ်မှာ ရီတာဂျိုဟယ်နဲ့ လက်ထပ်ပြီး သမီး(၂)ယောက်ရခဲ့ပြီးမှ ၂၀၂၀ မှာ လမ်းခွဲခဲ့ပါတယ်။ ၂၀၂၂ မှာ လက်ရှိဇနီး တေလာဝပ်ဒ်နဲ့ လက်ထပ်ခဲ့တာပါ။ ပထမစီးရီးမှာ ဆော်ဒီကို ပြောင်းရွှေ့ရမယ်ဆိုတဲ့ သတင်းကြောင့် တုန်လှုပ်ခဲ့ရတဲ့ တေလာဝပ်ဒ်ဟာ ဒုတိယစီးရီးမှာတော့ ရင်သားကင်ဆာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ အနားမှာ ခင်ပွန်းသည် မာရက်ဇ်မရှိဘဲ အစ္စတန်ဘူလ်က ဆေးရုံမှာ ခွဲစိတ်မှုခံယူခဲ့ရတာပါ။
အဲဒီလို ဒရာမာအခင်းအကျင်းတွေအပြင် ကူကူရယ်လာ မျက်ရည်ကျနေတာကိုလည်း Season 2 ရဲ့ နမူနာပြကွက်တွေထဲ မြင်တွေ့ခဲ့ရပါတယ်။ Season 2 မှာ အသစ်ပါဝင်လာတဲ့ ကစား သမား(၃)ယောက်က ကူကူရယ်လာ၊ ဂါဘရီယဲလ်နဲ့ ဘိုင်လီတို့ပါ။ စပိန်ကစားသမား ကူကူရယ်လာရဲ့ ဇနီးက ကလော်ဒီယာရိုဒရီဂွက်ဇ်ဖြစ်ပြီး သားသမီး (၃)ယောက် ပိုင်ဆိုင်ထားပါပြီ။ ဆယ်ကျော်သက်အရွယ်ကတည်းက ကူကူရယ်လာနဲ့ ဆုံတွေ့ချစ်ကျွမ်း ဝင်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးလို ထိပ်သီးအသင်းတစ်သင်းရဲ့ အမာခံကစားသမားဖြစ်မလာခင် စပိန်မြေမှာ အငှားကစားသမားဘဝနဲ့ ရုန်းကန်ဖြတ်သန်းခဲ့ရချိန် သစ္စာရှိအားပေးဖော်တစ်ဦးအဖြစ် ရှိပေးခဲ့သူလည်းဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းက ဂျမေကာကစားသမား ဘိုင်လီက ဇနီးသည် စတက် ဖနီဟုပ်နဲ့အတူ၊ အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်က ဇနီးသည် ဂါဘရီယယ်လီနဲ့အတူ Married to the Game Season 2 မှာ ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်က နာမည်ကျော်ဘောလုံးသမားတွေရဲ့ ဇနီးသည်တွေ၊ လက်တွဲဖော်တွေရဲ့ နိမ့်မြင့်တက်ကျ ဘဝဖြတ်သန်းမှုတွေကို ပရိသတ်တွေ သိရှိခံစားနိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဘောလုံးသမားတွေရဲ့ ရင်ခုန်ဖက်အဖြစ် ရှိနေသူတွေဆိုတော့ ဘောလုံးရာသီအတွင်း စိန်ခေါ်မှုဖိအားတွေကို ရင်ဆိုင်ကြရတတ်သလို၊ နွေရာသီရောက်တော့လည်း ကမ်းခြေသွားပြီး ပျော်ကြပါးကြရပြန်တာပေါ့။