
နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ဥဇဘက်ကစ္စတန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ပြန်ရောက်လာတဲ့ နောက်ခံလူ ခူဆာနော့ဗ်ကို သူ့ရဲ့ ပရိသတ်တွေက သူရဲကောင်းတစ်ယောက်လို ကြိုဆိုခဲ့ကြပါတယ်။ ဒီတစ်ကြိမ် သူပြန်လာတာကလည်း အရင်အခေါက်တွေနဲ့ မတူတော့ဘူးလေ။
နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ဥဇဘက်ကစ္စတန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ပြန်ရောက်လာတဲ့ နောက်ခံလူ ခူဆာနော့ဗ်ကို သူ့ရဲ့ ပရိသတ်တွေက သူရဲကောင်းတစ်ယောက်လို ကြိုဆိုခဲ့ကြပါတယ်။ ဒီတစ်ကြိမ် သူပြန်လာတာကလည်း အရင်အခေါက်တွေနဲ့ မတူတော့ဘူးလေ။
ခူဆာနော့ဗ်က ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းရဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ပြင်သစ်ကလပ် လန်းစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အသက်(၂၁)နှစ်အရွယ်ကစားသမားကို မန်စီးတီးအသင်းက ယူရိုသန်း(၄၀)ပေးပြီး ခေါ်ယူခဲ့တာပါ။ ဒါကြောင့် ဥဇဘက်ကစ္စတန်ကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးကစားသမား ဖြစ်ခဲ့သလို၊ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပထမဆုံး ဥဇဘက်ကစ္စတန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ ပြန် ရောက်လာခဲ့တဲ့ ခူဆာနော့ဗ်ကို ဥဇဘက်ကစ္စတန် ပရိသတ်တွေက သူရဲကောင်းလို ကြိုဆိုခဲ့ကြတာပါ။
သူ့ရဲ့ ငယ်ဘဝနည်းပြဟောင်း အက်ဆွန်ဘိုယက်ဗ်ကတော့ လက်ဆွဲနှုတ်ဆက်ရုံ၊ ပွေ့ဖက်နှုတ် ဆက်ရုံနဲ့ မတင်းတိမ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ သင်ပြမှု တွေကနေ ထိပ်တန်းကစားသမားဖြစ်လာခဲ့တဲ့ သူရဲကောင်းအတွက် မာစီဒီးစ်ကားသစ်တစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီကားရဲ့ တန်ဖိုးကပေါင် (၁၃၅၀၀၀)တန်ကြေးရှိပါတယ်။ မန်စီးတီးအသင်းမှာ တစ်ပတ်လစာ ပေါင်(၆၀၀၀၀)နီးပါး ရရှိနေတဲ့ ခူဆာနော့ဗ်အတွက် ဒီတန်ဖိုးက ပြောပလောက်စရာမရှိဘူးဆိုပေမဲ့ နည်းပြဟောင်းရဲ့ ဂုဏ်ပြုလက်ဆောင်ဖြစ်တာကြောင့် တန်ဖိုးဖြတ်လို့မရတဲ့ လက်ဆောင်လို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း မာစီဒီးစ်ကား လက်ဆောင်ရယူတဲ့ ဗီဒီယိုဖိုင်မှာ ခူဆာနော့ဗ် စိတ်လှုပ်ရှားပျော်ရွှင်နေတာကို အထင်အရှားမြင်တွေ့ခဲ့ရတာပါ။