
ဒီတစ်ပတ်တော့ နိုင်ငံအသင်းတွေရဲ့ နိုင်ငံတကာပွဲတွေကြောင့် ကလပ်အသင်း ပွဲတွေနားတယ်။ ကလပ်အသင်းတွေအတွက် နောက်ဆုံးပန်းဝင်ချိန်အတွက် အနားယူအားမွေးခွင့်ရလိုက်တာလို့ပဲ ပြောရမယ်ထင်တယ်။ ဒီတစ်ပတ်တာ အနားယူပြီးတာနဲ့ ပြန်စချိန်မှာ ကလပ်အသင်းတွေအတွက် တစ်ရာသီနောက်ဆုံးပွဲသိမ်းအချိန်ကို ကျော်ဖြတ်ကြရတော့မယ်။ ဒါကြောင့် နောက်ဆုံးအရေးကြီးတဲ့ ပန်းအဝင်အဆုံးအဖြတ်ကာလမဝင်မီ ကလပ်အသင်းပွဲတွေ တစ်ဖြတ်အနား ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးအခြေအနေတွေကို ကြည့်လိုက်တဲ့အခါ . . .
ဒီတစ်ပတ်တော့ နိုင်ငံအသင်းတွေရဲ့ နိုင်ငံတကာပွဲတွေကြောင့် ကလပ်အသင်း ပွဲတွေနားတယ်။ ကလပ်အသင်းတွေအတွက် နောက်ဆုံးပန်းဝင်ချိန်အတွက် အနားယူအားမွေးခွင့်ရလိုက်တာလို့ပဲ ပြောရမယ်ထင်တယ်။ ဒီတစ်ပတ်တာ အနားယူပြီးတာနဲ့ ပြန်စချိန်မှာ ကလပ်အသင်းတွေအတွက် တစ်ရာသီနောက်ဆုံးပွဲသိမ်းအချိန်ကို ကျော်ဖြတ်ကြရတော့မယ်။ ဒါကြောင့် နောက်ဆုံးအရေးကြီးတဲ့ ပန်းအဝင်အဆုံးအဖြတ်ကာလမဝင်မီ ကလပ်အသင်းပွဲတွေ တစ်ဖြတ်အနား ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးအခြေအနေတွေကို ကြည့်လိုက်တဲ့အခါ . . .
ဥရောပရဲ့ ထိပ်သီးလိဂ် (၅) ခုမှာ ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်နေတာဆိုလို့ သိပ်မကျန်တော့သလိုတော့ တွေ့ရတယ်။ နာမည်ကြီး ပရီးမီးယားလိဂ်ဆိုရင် (၂၉) ပွဲကစားပြီးလို့ ပန်းအဝင် နောက်ဆုံးအပိုင်းအတွက် နောက်ထပ် (၉)ပွဲစီပဲ ကစားရတော့မယ်။ ဒီအချိန်မှာ ထိပ်ဆုံးက လီဗာပူးလ်နဲ့ ဒုတိယနေရာက အာဆင်နယ်အကြား အမှတ်ကွာဟမှု (၁၂) မှတ်တောင် ရှိနေပြီဆိုတော့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ချန်ပီယံအဖြေက ထွက်သလောက် ဖြစ်နေပြီလို့ ပြောရမယ်။ ဒီလိုပဲ ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူး-၁ မှာလည်း ချန်ပီယံပြိုင်ဆိုင်မှုက လျော့သွားပြီ။ ဘွန်ဒစ်လီဂါမှာလက်ကျန် (၈)ပွဲကျန်ချိန်မှာ ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ ဒုတိယနေရာက လေဗာကူဆင်ကြားမှာ (၈)မှတ်အထိ ကွာဟနေပြီး ပြင်သစ်မှာတော့ လက်ကျန် (၈) ပွဲကျန်ရှိချိန်မှာ PSG က ဒုတိယနေရာက မာ ဆေးလ်ကို (၁၉) မှတ်အထိ ဖြတ်ထားပြီး ချန်ပီယံ ဖြစ်နေပြီလို့တောင် ပြောလို့ရနေပြီ။ ဒါကြောင့် က လပ်အသင်းတွေနားရာမှ ပြန်ကစားမယ့် နောက် ဆုံးပန်းဝင်ချိန်မှာ ချန်ပီယံဆုအတွက် အပြိုင်အ ဆိုင်ဖြစ်နေသေးတာဆိုလို့ စီးရီးအေနဲ့ လာလီဂါ (၂)ခုပဲ ကျန်တော့သလို ဖြစ်နေတယ်။ စီးရီးအေမှာတော့ (၂၉) ပွဲအပြီးမှာ ထိပ်ဆုံး (၃)သင်းဖြစ်တဲ့ အင်တာမီလန်၊ နာပိုလီနဲ့ အတ္တလန်တာအသင်းတွေကြားမှာ (၃)မှတ်စီအကွာနဲ့ ချန်ပီယံဆုအတွက် အဖြေမပေါ်သေးသလို၊ လာလီဂါမှာဆိုရင်လည်း ထိပ်ဆုံးမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် (၂)သင်းက ရမှတ်တူနဲ့ ရပ်တည်နေပြီး ချန်ပီယံဆုအတွက် အမှားမခံစတမ်းအခြေအနေမျိုး ဖြစ် နေကြလို့ ဒီလိဂ်(၂)ခုရဲ့ နောက်ဆုံးပန်းဝင်ချိန် ချန်ပီယံပြိုင်ဆိုင်မှုက စိတ်ဝင်စားစရာ အကောင်းဆုံးအနေအထားလို ဖြစ်လာတယ်။
အထူးသဖြင့် လာလီဂါမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် (၂) သင်းရဲ့ နောက်ဆုံးပန်းဝင်ချိန် ချန်ပီယံပြိုင်ဆိုင်မှုလို့ ပြောရမယ်။ ဒီ (၂) သင်းက လက်ရှိ လာလီဂါချန်ပီယံဆုအတွက် သာမကဘူး။ ချန်ပီယံလိဂ်နဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွေမှာပါ ချန်ပီယံမျှော်လင့်ချက်ကိုယ်စီ ရှိနေကြတာပါ။ ဖလား (၃)လုံးလမ်းကြောင်းပေါ်မှာ အပြိုင်အဆိုင်နွဲှကြတော့မလိုလည်း ဖြစ်နေတယ်။ ဒီပြိုင်ပွဲ (၃)ခုစလုံးမှာလည်း အချင်းချင်းထိပ်တိုက်တွေ့ပြီး ချန်ပီယံလုကြမယ့် အနေအထားမျိုး ဖြစ်နေတာကလည်း သူတို့ (၂) သင်းရဲ့ ဖလား (၃)လုံး ပြိုင်ဆိုင်မှုက ပိုပြီးအသက်သွင်းပေးထားသလို ဖြစ်နေတယ်။ ဒီရာသီက ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာရဲ့ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်ဖို့ ဖြစ်နေတဲ့ ရာသီတစ်ခုအဖြစ်များ သတ်မှတ်ထားသလား မပြောတတ်ဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းက ကစားခဲ့တဲ့ စပိန်စူပါဖလားလုပွဲမှာလည်း သူတို့ (၂)သင်း ဗိုလ်လုပွဲမှာ ဆုံခဲ့ကြပြီး ဘာစီလိုနာက ရီးယဲလ်မက်ဒရစ်ကို (၅-၂) နဲ့ အနိုင်ကစားကာ ချန်ပီယံဆုဖလား ယူထားနိုင်ခဲ့တယ်။ အခုလက်ကျန်ရာသီသိမ်းမှာ လည်း သူတို့(၂)သင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာရော စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဆုံနိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ဒါ့အပြင် လာလီဂါမှာလည်း သူတို့ (၂)သင်းရဲ့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်လာနိုင်တဲ့ ဒုတိယအကျော့ပွဲကို လာမယ့်မေလအတွင်းမှာ ကစားဖို့ ရှိနေပြန်တယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ဖလား (၃)လုံးအတွက် အားပြိုင်မှုက လာမယ့်မေလအတွင်း အမြင့်ဆုံးအခြေအနေမျိုးထိတောင် ရောက်လာဖို့လည်း ရှိနေတယ်။
လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်မှာ (၂)သင်းစလုံး ကွာတားဖိုင်နယ်အဆင့်ကို ရောက်နေပြီး ဘာစီလိုနာက ဒေါ့မွန်၊ ရီးယဲလ်မက်ဒရစ်က အာဆင်နယ်နဲ့ ဆုံနေပြီး ဆီမီးဖိုင်နယ်ရောက်နိုင်ဖို့ အခွင့်အရေးလည်း ပိုသာနေကြတယ်။ စပိန်ဘုရင့်ဖလားမှာလည်း ဆီမီးဖိုင်နယ် ပထမအကျော့ပွဲတွေတောင် ကစားပြီးသွားပြီ။ ရီးယဲလ်မက်ဒရစ်က ဆိုစီဒက်ကို နိုင်ထားပြီး ဘာစီလိုနာကတော့ အက်သလက်တီကိုမက်ဒရစ်နဲ့ သရေကျထားတယ်။ ရီးယဲလ်က အဝေးကွင်းမှာ နိုင်ထားပြီး ဘာစီလိုနာကတော့ အိမ်ကွင်းမှာ သရေသာ ကစားထားနိုင်လို့ ရီးယဲလ်မက်ဒရစ်က ဗိုလ်လုပွဲတက် ရောက်ရေးအခြေအနေ ပိုကောင်းနေပြီး ဘာစီလိုနာကတော့ အက်သလက်တီကိုရဲ့ ပိုလီတာနိုကွင်းမှာ အသည်းအသန်ကစားရဖို့တော့ ရှိနေပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ် အက်သလက်တီကိုကို ပိုလီတာနိုကွင်းမှာ အနိုင်ကစားပြီးး လာလီဂါချန်ပီယံလမ်းကြောင်းပေါ်ကနေ တွန်းချနိုင်ခဲ့တဲ့ ခြေစွမ်း၊ စိတ်ဓာတ်မျိုးနဲ့ဆိုရင်တော့ ဘာစီလိုနာအတွက် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရေးက လမ်းပွင့်နေတာအမှန်ပဲလို့ ပြောလို့ ရနေတယ်။ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ကလည်း သိပ်ပြီးအဝေးကြီး စောင့်စရာ မလိုတော့ဘူး။ အခုလာမယ့် နိုင်ငံတကာပွဲတွေအပြီး ကလပ်အသင်းပွဲတွေ ပြန်စတာနဲ့ ဧပြီလအဝင်မှာပဲ သူတို့ (၂) သင်း ဗိုလ်လုပွဲမှာ ဆုံ၊ မဆုံ အဖြေတစ်ခုကို မြင်ကြရတော့မှာပဲ ဖြစ်တယ်။
လာလီဂါဘက်မှာတော့ ဒီ (၂)သင်းရဲ့ ချန် ပီယံပြိုင်ဆိုင်မှုမှာ ဘာစီလိုနာက မသိမသာ အားသာနေသလိုတော့ တွေ့ရတယ်။ လက်ရှိ (၂)သင်း ရမှတ် (၆၀)စီတူနေကြပေမဲ့ ဘာစီလိုနာက ပွဲကျန် (၁)ပွဲကစားဖို့ ရှိနေသးတာက အားသာမှုလို ဖြစ်နေတယ်။ လာလီဂါချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုမှာ အစောပိုင်းကတော့ အက်သလက်တီကိုအသင်းပါ ရှိနေခဲ့လို့ (၃)သင်း အပြိုင်လုရမယ့်အနေအထားမျိုး ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ပွဲစဉ် (၂၉)မှာ ဘာစီလိုနာနဲ့ အက်သလက်တီကို ထိပ်တိုက်အတွေ့မှာ ဘာစီလိုနာရဲ့ အလဲထိုးသွားတာကိုခံလိုက်ရတဲ့ အက်သလက်တီကိုဟာ ခုဆို ထိပ်ဆုံး (၂) သင်းနဲ့ (၄)မှတ်အထိ ကွာသွားပြီပဲ ဖြစ်တယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ ပွဲကျန် (၁)ပွဲလက်ထဲမှာ ကစားဖို့ ရှိနေတဲ့ အနေအထားကလည်း အက်သလက်တီကိုကို ချန်ပီယံလမ်းကြောင်းအပြင်ဘက် ရောက်သွားစေသလိုပါ ဖြစ်သွားခဲ့တယ်။ ဒါကြောင့် လက်ရှိအနေအထားက လာလီဂါချန်ပီယံပြေးလမ်းပေါ်မှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် (၂)သင်းသာ ကျန်တော့သလို ဖြစ်သွားစေခဲ့ပြီး ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်(၂)သင်းရဲ့ ပြိုင်ဆိုင်မှုအရှိန်ကို ပိုမြှင့်လိုက်သလို ဖြစ်ခဲ့တယ်။ ပန်းအဝင်ပိုင်းမှာ ကစားကြရမယ့် လက်ကျန်ပွဲတွေမှာလည်း ဒီ(၂)သင်းက သိပ်မကွာလှကြလို့ သူတို့(၂)သင်းရဲ့ လာလီဂါချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုကလည်း စိတ်ဝင်စားစရာ ပိုကောင်းလာနေတာ အမှန်ပဲ။
နိုင်ငံတကာပွဲတွေအပြီးမှာ ဘာစီလိုနာက လာလီဂါလက်ကျန် (၁၁)ပွဲကစားရဖို့ ရှိနေပြီး ရီးယဲလ်မက်ဒရစ်ကတော့ (၁၀)ပွဲ ကစားဦးမှာဖြစ်တယ်။ ဘာစီလိုနာဟာ ပွဲစဉ် (၂၇)မှာ မကစားဖြစ်ခဲ့တဲ့ အိုဆာဆူနာနဲ့ပွဲကျန်ကို နိုင်ငံတကာပွဲတွေ ပြီးပြီးချင်း မတ်လ (၂၇) ရက်နေ့ညမှာ ပြန်ကစားဖို့ စီစဉ်ထားပေမဲ့ အတည်မပြုရသေးဘူး။ ကျန်ပြိုင်ဘက်တွေကတော့ ဂျီရိုနာ(အိမ်)၊ ဗယ်လာဒိုလစ်(အဝေး)၊ ရီးယဲလ်မက်ဒရစ်(အိမ်)၊ အက်စ်ပန်ညို(အဝေး)၊ ဗီလာရီးယဲလ်(အိမ်)၊ ဘီလ်ဘာအို (အဝေး) တို့ဖြစ်ပြီး လက်ကျန် (၁၁) ပွဲမှာ အိမ်ကွင်း (၇)ပွဲထိ ကစားခွင့်ရထားတာယ်။ ရီးယဲလ်မက်ဒရစ်ကတော့ လီဟာနက်စ်(အိမ်)၊ ဗလင်စီယာ(အိမ်)၊ အလာဗတ်စ်(အဝေး)၊ ဘီလ်ဘာအို (အိမ်)၊ ဂီတာဖေး(အဝေး)၊ ဆယ်လ်တာဗီဂို(အိမ်)၊ ဘာစီလိုနာ(အဝေး)၊ မာယော့ကာ(အိမ်)၊ ဆီဗီလာ (အဝေး)၊ ဆိုစီဒက် (အိမ်)တို့နဲ့ ကစားရမှာဖြစ်ပြီး အိမ်ကွင်း (၆)ပွဲထိ ပါနေတယ်။
ဒါကြောင့် ဒီ (၂)သင်းရဲ့ လက်ကျန်ပွဲအနေအထားအရတော့ ပြိုင်ဘက်နဲ့ အိမ်ကွင်းကစားခွင့်အနေအထားက သိပ်ကွာလှတယ် မဟုတ်ပေမဲ့ အဝေးကွင်းအနေအထားမှာတော့ အနည်းငယ်ကွာဟမှု ရှိနေတာကို တွေ့နိုင်တယ်။ (၂)သင်းစလုံး အဝေးကွင်း (၄)ပွဲစီ တူညီစွာကစားရဖို့ ရှိနေပေမဲ့ ဘာစီလိုနာရဲ့ အဝေးကွင်းပြိုင်ဘက်တွေက လီဟာနက်စ်၊ ဗယ်လာဒိုလစ်၊ အက်စ်ပန်ညိုနဲ့ ဘီလ်ဘာအိုအသင်းတွေဖြစ်နေပြီး ရီးယဲလ်မက်ဒရစ်ကတော့ အဝေးကွင်းမှာ အလာဗတ်စ်၊ ဂီတာဖေး၊ ဘာစီလိုနာ၊ ဆီဗီလာတို့လို အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ နည်းနည်းတော့ ပိုခက်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဒါကြောင့် ဒီ (၂)သင်းရဲ့ လာလီဂါချန်ပီယံပြိုင်ဆိုင်မှုမှာ လက်ကျန်ပွဲ (၁)ပွဲလည်း ရှိ၊ အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်အပိုင်းမှာလည်း နည်းနည်းအသာရသလို ရှိနေတဲ့ ဘာစီလိုနာ အခွင့်အရေးအနည်းငယ် ပိုကောင်းနေသလိုတော့ တွေ့နေရတယ်။
ဘာပဲပြောပြော ဒီရာသီမှာ ထူးထူးခြားခြားပဲ လာလီဂါမဟာပြိုင်ဘက်အသင်းကြီး (၂)သင်းရဲ့ ဆုဖလားလုပွဲက လက်ကျန်ရာသီသိမ်းရဲ့ ဆွဲဆောင်မှု အရှိဆုံးအနေထားတစ်ခုလို ဖြစ်လာနေပြီ။ ဘယ်အသင်းက အောင်ပွဲတွေနဲ့ ရာသီသိမ်းနိုင်မလဲဆိုတာ စောင့်ကြည့်ရင်း ရင်ခုန်ကြည့်ကြပါစို့လား။