
ဥဇဘက်ကစ္စတန် နှင့် ကာဂျစ္စတန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)
ကာဂျစ္စတန်အသင်းက စတုတ္ထအဆင့် မျှော်လင့်လို့ရသေးပေမဲ့ မဖြစ်နိုင်လောက်ဘူး။ ဥဇဘက်ကစ္စတန်အသင်း ဂိုးပြတ်သွင်းလိမ့်မယ်။
အီရန် နှင့် ယူအေအီး(မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)
လက်ကျန်လေးပွဲမှာ အီရန်၊ ဥဇဘက်ကစ္စတန်တို့နဲ့ ပွဲတွေက ယူအေအီးအသင်းရဲ့ခြေစစ်ပွဲအောင်ခွင့်ကို အဆုံးအဖြတ်ပေးလိမ့်မယ်။ ကစားသမားပိုင်းအရတော့ အီရန် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
တောင်ကိုရီးယား နှင့် အိုမန်(မြန်မာစံတော်ချိန် ကြာသပတေးညနေ ၅း၃၀ နာရီ)
တောင်ကိုရီးယားအသင်းလည်း ခြေစစ်ပွဲအောင်ဖို့ ဖိအားမရှိပါဘူး။ အိမ်ကွင်းမှာတော့ ပရိသတ်ကျေနပ်အောင် ကစားပြမှ ဖြစ်မယ့်အနေအထားတော့ ရှိတယ်။ တောင်ကိုရီးယား ဂိုးပြတ်ဖို့များတယ်။
သြစတြေးလျ နှင့် အင်ဒိုနီးရှား(မြန်မာစံတော်ချိန် ကြာသပတေးညနေ ၃း၄၀ နာရီ)
အင်ဒိုနီးရှားအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ အတော်လေး လုပ်လာတယ်။ နောက်ဆုံး ဥရောပကစားသမား သုံးဦးကို နိုင်ငံသား ခံယူစေပြီး အသင်းလူစာရင်းထဲ ထပ်မံထည့်သွင်းခဲ့တယ်။ ခြေစစ်ပွဲ နောက်ဆုံးပွဲမှာ ဆော်ဒီအာရေဗျလို အသင်းမျိုးကို အနိုင်ကစားနိုင်ခဲ့တာက အင်ဒိုနီးရှားအသင်းရဲ့ယုံကြည်ချက်ကို ပိုမြှင့်ပေးလိုက်သလိုပါပဲ။ ကစားသမားသစ်တွေရဲ့ခြေစွမ်းအနေအထားက ဘယ်လိုရှိလာမလဲ ခန့်မှန်းလို့ မရပေမဲ့ နဂိုထက် အင်အားတောင့်တင်းသွားတာတော့ သေချာပါတယ်။ သြစတြေးလျအသင်းမှာ ဥရောပအတွေ့အကြုံရှိ ကစားသမားတချို့ ပါဝင်ပေမဲ့ လက်ရှိလူစာရင်းမှာ အကျပိုင်းရောက်နေသူတွေ များနေလို့ အင်ဒိုနီးရှားအသင်းနဲ့တောင် သိပ်မကွာတော့တဲ့ အနေအထားရောက်နေတယ်။ အင်ဒိုနီးရှားကိုပဲ အရဲစွန့် ရွေးချယ်ချင်တယ်။
ဂျပန် နှင့် ဘာရိန်း(မြန်မာစံတော်ချိန် ကြာသပတေးညနေ ၅းဝ၅ နာရီ)
ဂျပန်အသင်းက သြစတြေးလျ နိုင်ပွဲမရရင် ဒီပွဲ အနိုင်ကစားရုံနဲ့ ခြေစစ်ပွဲအောင်ပါပြီ။ လက်ရှိအခြေအနေမှာ ဂျပန်အသင်းအဖို့ ဘယ်လိုမှ ဖိအားမရှိတော့တာပါ။ ဒါပေမဲ့ အိမ်ကွင်းလည်းဖြစ်လို့ ဂျပန်ဘက်ကပဲ ရပ်တည်သင့်တယ်။
ဆော်ဒီအာရေဗျ နှင့် တရုတ်(မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၄၅ နာရီ)
တရုတ်အသင်းက နှစ်ပွဲဆက် အနိုင်ကစားပြီးမှ ဂျပန်အသင်းနဲ့အတွေ့မှာ ရှုံးပွဲနဲ့ ပြန်ရင်ဆိုင်လိုက်ရတယ်။ လေးပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဆော်ဒီအာရေဗျအသင်း နိုင်ပွဲပြန်ရနိုင်ပေမဲ့ ဂိုးမပြတ်လောက်ဘူး။
အခြားပွဲစဉ်များ
*ကာတာ - မြောက်ကိုရီးယား
*ဂျော်ဒန် - ပါလက်စတိုင်း
*အီရတ် - ကူဝိတ်