Eleven Media Group

UEFA Nations League ကွာတားဖိုင်နယ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: UEFA

နယ်သာလန် နှင့် စပိန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)

နယ်သာလန်အသင်းက Nations League အုပ်စုအဆင့် ပွဲစဉ်တွေမှာ ဟန်ဂေရီ၊ ဘော့စနီးယားတို့ကိုကျော်ပြီး ဂျာမနီအသင်းရဲ့ နောက် အုပ်စုဒုတိယနေရာက တက်လာတဲ့အသင်းပါ။ စပိန်အသင်းကတော့ အုပ်စုတွင်းမှာ ရှုံးပွဲလုံးဝမရှိခဲဲ့ပဲ ပြတ်သားတဲ့ ရလဒ်တွေနဲ့ အုပ်စုဗိုလ်နေရာက တက်လာတဲ့အသင်းဖြစ်တယ်။ အုပ်စုတွင်း အဝေးကွင်း ၃ ပွဲမှာလည်း ဆွစ်ဇာလန်၊ ဒိန်းမတ်တို့ကို နိုင်ပြီး ဆားဘီးယားကို သရေကျခဲ့တယ်။ စပိန်အသင်းက လက်ရှိ Nations League ရဲ့ချန်ပီယံဖြစ်သလို ယူရိုပြိုင်ပွဲရဲ့ ချန်ပီယံလည်းဖြစ်တယ်။ နယ်သာလန်မြေမှာ ကစားမယ့်ပွဲမှာ သရေရလဒ်လောက်ထိန်းကစားရင်း အိမ်ကွင်းမှာ အနိုင်ယူဖို့ ကြိုးစားလိမ့်မယ်။ သရေကျဖို့ များပါတယ်။

ခရိုအေးရှား နှင့် ပြင်သစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)

ခရိုအေးရှားက အခုအချိန်အထိ မိုဒရစ်၊ ပါရီဆစ်တို့လို လူဟောင်းကြီးတွေကိုပဲ အားပြုနေရဆဲဖြစ်ပြီး ကိုဗာချစ်၊ ပါဆာလစ်တို့လို ကစားသမားတွေတောင် အသက်ကြီးလာကြပြီ။ ခရိုအေးရှားရဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်ထွက်ပေါ်မှုနှုန်းက သိသိသာသာ ကျဆင်းသွားတယ်။ ပြင်သစ်ကတော့ အရမ်းအားကောင်းတဲ့ တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်းတွေနဲ့ ပွဲထွက်လာမှာပါ။ ကွင်းလယ်ကတော့ ဖန်တီးနိုင်စွမ်းနည်းနည်းနိမ့်တယ်။ ဒါပေမဲ့ ပြင်သစ်ကိုပဲ ကြိုက်တယ်။

ဒိန်းမတ် နှင့် ပေါ်တူဂီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)

ပေါ်တူဂီအသင်းမှာ ၀ါရင့်ကစားသမားကြီး စီရော်နယ်လ်ဒို ဦးဆောင်နေဆဲဖြစ်သလို၊ လူငယ်ကြယ်ပွင့်ကစားသမားတွေကိုလည်း အသင်းမှာ အများကြီးတွေ့ရတယ်။ ပေါ်တူဂီရဲ့လူစာရင်းက တော်တော်လေး အားရစရာကောင်းပါတယ်။ ဒိန်းမတ်ကလည်း စပိန်အုပ်စုမှာ ဒုတိယနေရာက ရပ်တည်ခဲ့တဲ့အသင်းဖြစ်ပြီး အရည်အသွေးမြင့်ကစားသမားအများကြီးနဲ့ တောင့်တင်းမာကျောတဲ့အသင်းပါ။ ဒိန်းမတ်မြေပေါ်မှာတော့ ပေါ်တူဂီ ရုန်းကန်ရဖို့ များတယ်။

အီတလီ နှင့် ဂျာမနီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)

နာဂယ်လ်စ်မန်းရဲ့ ဂျာမနီအသင်းက အုပ်စုတွင်းမှာ နယ်သာလန်ရဲ့အထက်က အုပ်စုဗိုလ်နေရာမှာ ရပ်တည်နိုင်ခဲ့တယ်။ အသင်းက တိုးတက်လာတဲ့အသင်းလို့ ပြောလို့ရပြီး ခြေစွမ်းလည်း ကောင်းတယ်။ ဒါပေမဲ့ ဂျာမနီက တဖြည်းဖြည်းနဲ့ လူငယ်လူသစ်တွေ အနည်းငယ် ထွက်ပေါ်လာတာကလွဲရင် သက်ကြီးပိုင်းကစားသမားတွေ တော်တော်လေးများလာတာကို တွေ့ရတယ်။ ပုံမှန်အားဖြင့် အီတလီက လူဟောင်းကြီးတွေနဲ့ မြင်ရလေ့ရှိပေမယ့် လက်ရှိအချိန်မှာ အီတလီအသင်းရဲ့ အသင်းလိုက် လူစာရင်းမှာတောင် လူငယ်တွေပိုများသေးတယ်။ ဂျာမနီရဲ့ တိုက်စစ်ပိုင်းကလည်း အားနည်းပါတယ်။ အီတလီမြေပေါ်မှာ အီတလီကိုပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group