
ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က ၎င်း၏ကစားသမားဘဝတစ်လျှောက် လက်တွဲခဲ့ဖူးသည့် နည်းပြများထဲတွင် လက်ရှိအင်္ဂလန်နည်းပြ တူဟယ်လ်က အကောင်းဆုံးဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အင်္ဂလန်နောက်ခံကစားသမား ရီးစ်ဂျိမ်းစ်သည် တူဟယ်လ်၏ အင်္ဂလန်နည်းပြဘဝ ပထမဆုံးလူစာရင်းတွင် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်သည်။
ရီးစ်ဂျိမ်းစ်သည် လက်ရှိချယ်လ်ဆီးအသင်းတွင် နည်းပြ မာရက်စကာနှင့်လက်တွဲပြီး အလုပ်လုပ်နေသော်လည်း တူဟယ်လ်သာ အကောင်းဆုံးဖြစ်ကြောင်း ဆိုခဲ့သည်။
ရီးစ်ဂျိမ်းသည် ချယ်လ်ဆီးအသင်းကို တူဟယ်လ် ကိုင်တွယ်စဉ်က (၁) နှစ်ခွဲကျော်လက်တွဲခဲ့ဖူးပြီး ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားများကို ရယူနိုင်ခဲ့သည်။
ရီးစ်ဂျိမ်းစ်က ''ကျွန်တော် လက်တွဲပြီး အလုပ်လုပ်ဖူးတဲ့ နည်းပြတွေထဲမှာ တူဟယ်လ်က အကောင်းဆုံးပါ။ အကြောင်းပြချက်များစွာ ရှိပါတယ်။ သူဟာ ချယ်လ်ဆီးအသင်း အခက်ခဲဆုံးအချိန်မှာတောင် ဆုဖလားတွေရအောင် ဦးဆောင်ပေးနိုင်သူ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။