
အာဆင်နယ်အသင်းသည် အသင်းတောင်ပံကစားသမား ဆာကာအား နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း BBC က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းနှင့် ချုပ်ဆိုထားသည့် ဆာကာ (၂၃ နှစ်)၏ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ဆာကာသည် ဒီဇင်ဘာတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး မတ်လနိုင်ငံတကာ ရက်သတ္တပတ်အပြီးတွင် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဆာကာကို အသင်း၏အဓိကကစားသမားအဖြစ် သတ်မှတ်ထားပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုလိုနေကာ စာချုပ်သစ်အတွက် ကစားသမား၏အေးဂျင့်နှင့် ဆွေးနွေးရန်စီစဉ်နေကြောင်း BBC က ဖော်ပြခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ဆာကာအပြင် ရီးယဲလ်မက်ဒရစ်၏ စိတ်ဝင်စားခြင်း ခံနေရသည့် နောက်ခံလူ ဆာလီဘာနှင့် လူငယ်ကစားသမားများဖြစ်သော နွမ်နယ်ရီနှင့် လူးဝစ်ဆကယ်လီတို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသည်။
ထို့ပြင် အာဆင်နယ်အသင်းသည် လာမည့်နွေရာသီတွင် တိုက်စစ်မှူးသစ်ခေါ်ယူရန် ကြိုးပမ်းနေပြီး ဆိုစီဒက်အသင်း၏ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကိုလည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူထားနိုင်ကြောင်း သိရသည်။