
ဘာစီလိုနာနည်းပြ ဇာဗီက မိမိအနေဖြင့် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်နေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ဇာဗီ(၄၅ နှစ်)သည် ၂၀၂၄ မေလတွင် ဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
လက်ရှိတွင် ဇာဗီအား နည်းပြအဖြစ် ခန့်အပ်ရန် မန်ယူနှင့် စပါးအသင်းတို့ စောင့်ကြည့်နေကြောင်း သတင်းထွက်နေသည်။
ယင်းအခြေအနေတွင် ဇာဗီက နည်းပြလောကသို့ ပြန်လည်ဝင်ရောက်စီစဉ်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ဇွန်လအထိ ကျွန်တော် အေးအေးချမ်းချမ်းနေထိုင်သွားမှာပါ။ အဲဒီနောက်မှာ ဘာတွေဖြစ်မလာလဲ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ''ဟု ဆိုခဲ့သည်။
ဇာဗီက ပရီးမီးယားလိဂ်နည်းပြများကိုလည်း လေ့လာနေကြောင်း ပြောကြားခဲ့သည်။