
ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်က ယခု ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုကို အသင်းဖော် ပတ်ဒရီရယူနိုင်သည် ဟု ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါက ယမားလ်နှင့် ရာဖင်ညာတို့ (၂)ဦးထဲမှ တစ်ဦးဦးအနေဖြင့် Ballon d'Or ဆုကို ရနိုင်သည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသော်လည်း ဖယ်ရန်တောရက်စ်ကမူ ယင်းဆုအတွက် ပတ်ဒရီသည်သာ အလေးသာကြောင်း ဆိုခဲ့သည်။
ဖယ်ရန်တောရက်စ်က ''ခမ်းနားတဲ့ အောင်ပွဲတွေအတွက် ကျွန်တော်တို့ ရှေ့ဆက်နေပါတယ်။ ကျွန်တော်တို့ အားလုံးမှာလည်း ချန်ပီယံဆုတွေအတွက် ယုံကြည်ချက်ရှိပါတယ်။ Ballon d'Or ဆုအတွက်ဆိုရင်တော့ ပတ်ဒရီ ရနိုင်တယ်လို့ ထင်ပါတယ်''ဟု ဆိုခဲ့သည်။
ပတ်ဒရီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၄၂)ပွဲ ကစားပေးထားပြီး (၅)ဂိုးသွင်းယူထားသည်။