Eleven Media Group

■ ဒီဘားလား ခွဲစိတ်ကုသမှု ခံယူမည်ဟု ရိုးမားအသင်း အတည်ပြု

ရိုးမားအသင်းက အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလား၏ တံကောက်ကြောဒဏ်ရာကို လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုခံယူမည်ဟု အတည်ပြုကြေညာခဲ့သည်။

ဒီဘားလားသည် ဘယ်ဘက်ခြေထောက်တွင် တံကောက်ကြောဒဏ် ရာရရှိနေသည့်တွက် ယခု နိုင်ငံတကာရက်သတ္တပတ်အတွင်း ခွဲစိတ်ကုသမှုခံယူရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဘားလားက "ကျွန်တော် မကြာခင်မှာ ပိုပြီးသန်မာတဲ့ပုံစံနဲ့ ပြန်လာမယ်လို့ ကတိပေးပါတယ်။ ကျွန်တော်တို့ ကွင်းထဲမှာ ပြန်တွေ့ကြမယ်"ဟု ပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ ဒီဘားလားသည် ယခုရာသီတွင် ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ (၃၆) ပွဲတွင် (၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ထားသည်။

အသင်းအတွက် ခြေစွမ်းပြနေသည့် ဒီဘားလား အနားယူရခြင်းမှာ ရိုးမားအသင်းအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

မူရင်းသတင်း — Eleven Media Group