
ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီ၌ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည့် လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်မှူး ဆာလာကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
အသက် (၃၃) နှစ်အရွယ်ရှိ ဆာလာသည် လက်ရှိအချိန်အထိ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေဆဲဖြစ်သော်လည်း သက်တမ်းတိုးရန် ညှိနှိုင်းမှုအဆင်မပြေဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် ဆာလာအနေဖြင့် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
ယင်းအနေအထားတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိသည့်ကစားသမားများကို ဦးစားပေးခေါ်ယူနေသော ဘာစီလိုနာအသင်းက ဆာလာကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
ဆာလာအား ခေါ်ယူရန် ဘာစီလိုနာအပြင် PSG အသင်းနှင့် ဆော်ဒီပရိုလိဂ်ကလပ်များကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
ဆာလာအနေဖြင့်မူ ထိပ်တန်းအဆင့်တွင် ကစားလိုဆဲဖြစ်သောကြောင့် ဆော်ဒီသို့ ပြောင်းရွှေ့ဖွယ်မရှိဘဲ ဥရောပတွင်သာ ဆက်ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။