
ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေက မိမိအနေဖြင့် အမှားများလုပ်ခဲ့မိကြောင်း ဝန်ခံခဲ့ပြီး ရှေ့ဆက်သွားရန်နှင့် တူညီသည့်အမှားများ ထပ်မလုပ်မိရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဘာပေ (၂၆ နှစ်) သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း အီတလီအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့့်သည့် Nations League ပွဲစဉ်အပြီးကတည်းက ပြင်သစ်လက်ရွေးစင်အသင်းနှင့် ဝေးကွာနေခြင်းဖြစ်ပြီး ယခုမှ ပြန်လည်ရွေးချယ်ခံထားရခြင်းဖြစ်သည်။
"ကျွန်တော်က ဘာတွေကောင်း ကောင်း လုပ်တယ်၊ ဘာတွေကို ကောင်းကောင်းမလုပ်ဘူးလဲဆိုတာ ကိုယ့် ဘာသာ သေချာသိပါတယ်။ ကျွန်တော်က အီတလီနဲ့ပွဲမှာ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း လူတွေနဲ့ အဆင်မပြေခဲ့ဘူး။ ဘာလို့လဲဆိုတော့ အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်တော်က အားလုံးကို အတူတကွ ဦးဆောင်မှုမပေးနိုင်လို့ပါ။ အဲဒါကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အရေးကြီးဆုံးက ရှေ့ကိုဆက်သွားဖို့နဲ့ တူညီတဲ့အမှားတွေ ထပ်မလုပ်မိဖို့ပါပဲ။ ကျွန်တော့် ခံစားချက်တွေ ကောင်းနေပါပြီ"ဟု ဘာပေက ပြောကြားခဲ့သည်။
ဘာပေသည် မတ်လ (၂၀) ရက်က ကစားခဲ့သည့် UEFA Nations League ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ် ခရိုးအေးရှား (၂-၀) ပြင်သစ်ပွဲတွင် ပွဲထွက်ပါဝင်ကစားခဲ့သည်။
သို့သာ် ဘာပေအနေဖြင့် အဆိုပါပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပြင်သစ်အသင်းမှာလည်း ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။