
မန်ယူအသင်းသည် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုုက်စစ်မှူး အိုဆင်မန်ကို ဟွိုင်လန်းနှင့် အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီ၌ ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူအားဖြည့်ရန် စီစဉ်လျက်ရှိပြီး လက်ရှိအချိန်၌ ဂါလာတာစာရေးအသင်းတွင် အငှားသွားရောက်ကစားနေသော အိုဆင်မန်ကို ဦးစားပေးအဖြစ် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ယင်းအတွက် အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသော ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းအား အသုံးချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် ဟွိုင်လန်း၏ ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း(၅၀)ဟုသတ်မှတ်၍ အိုဆင်မန်အား အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
နာပိုလီအသင်းအနေဖြင့် ဟွိုင်လန်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးရာ မန်ယူအသင်း၏ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေကြောင်းလည်း သတင်းထွက်နေသည်။