
လီချင်စတိန်း - မြောက်မက်ဆီဒိုးနီးယား (မြန်မာစံတော်ချိန် မတ်လ ၂၁ ရက် ည ၈:၃၀ နာရီ)
လက်ချင်စတိန်းက အသင်းငယ်တစ်သင်းဖြစ်ပြီး မြောက်မက်ဆီဒိုးနီးယားက Nations League မှာ အပေါ်တန်းက အ သင်းတစ်သင်းပါ။ ထိပ်ဆုံးတန်းအသင်းမဟုတ်ပေမဲ့ လက်ချင်စတိန်းထက် ပိုကောင်းပါတယ်။ မက်ဆီဒိုးနီးယား နိုင်မယ်။
မော်လ်ဒိုဗာ - နော်ဝေ (မြန်မာစံတော်ချိန် မတ်လ ၂၂ ရက် ည ၁၁:၃၀ နာရီ)
နော်ဝေက အခုအချိန်မှာ အကောင်းဆုံးပုံစံကို ရနေတဲ့ အသင်းလို့ ပြောလို့ရတယ်။ အော်ဒီဂါ၊ ဟော်လန်း၊ ဆာလော့သ်တို့လို ကစားသမားတွေက တိုက်စစ်ပိုင်းမှာ ဦးဆောင်နေပြီး နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲနှစ်ပွဲမှာ ဆလိုဗေးနီးယားကို အဝေးကွင်းဂိုးပြတ်နိုင်၊ ကာဇက်စတန်ကို အိမ်ကွင်းဂိုးပြတ် နိုင်ထားပါတယ်။ မော်လ်ဒိုဗာက ကာဇက်စတန်ရဲ့အနေအထား တောင်မရှိပါဘူး။ နော်ဝေ ဂိုးပြတ်သွင်းမယ်။
မွန်တီနီဂရိုး - ဂျီဘရော်လ်တာ (မြန်မာစံတော်ချိန် မတ်လ ၂၁ ရက် ည ၁၁:၃၀ နာရီ)
မွန်တီနီဂရိုးက မနှစ်က Nations League မှာ League B မှာ ကစားခဲ့တဲ့အသင်းဖြစ်ပြီး League C ကိုတန်းဆင်းသွားခဲ့ တယ်။ ဒါပေမဲ့ ဂျီဘရော်လ်တာအသင်းထက် အများကြီးကောင်းပါတယ်။ မွန်တီနီဂရိုး နိုင်မယ်။
အစ္စရေး - အက်စတိုနီးယား (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
အစ္စရေးလ်က ဥရောပမှာ အလယ်အလတ်အသင်းတွေထဲမှာ အားကောင်းတဲ့အသင်းဖြစ်ပြီး အက်စ်တိုးနီးယားက အ လယ်အလတ်အသင်းတွေထဲမှာ အောက်အသင်းပါ။ အစ္စရေးအိမ်ကွင်းလည်းဖြစ်လို့ အစ္စရေး နိုင်မယ်။
ဝေးလ်စ် - ကာဇက်စတန် (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
ဝေးလ်စ်က နိုင်ငံငယ်ပေမဲ့ ဥရောပရဲ့ ထိပ်တန်းလိဂ်အဆင့်မှာ ရှိနေတဲ့အသင်းတစ်သင်းပါ။ ကာဇက်စတန်က အောက်အသင်းတွေထဲခြေစွမ်းမဆိုးပေမဲ့ ဒီနှစ်သင်းကြားမှာ ခြေကွာပါတယ်။ ဝေးလ်စ်ပဲ နိုင်မယ်။
ချက် - ဖာရိုးကျွန်းစုများ (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
ချက်အသင်းက ပြီးခဲ့တဲ့ Nations League ပြိုင်ပွဲမှာ ယူကရိန်း၊ ဂျော်ဂျီယာ၊ အယ်လ်ဘေးနီးယားတို့ကို ကျော်ပြီး ထိပ်ဆုံးရပ်တည်ခဲ့လို့ League A အဆင့်အထိ ရောက်လာတဲ့အသင်းပါ။ ချက် လွယ်လွယ်ကူကူပဲ နိုင်မယ်။