
၂၀၂၄ NBA ချန်ပီယံ ဘော်စတွန်ဆဲလ်တစ်အသင်းကို အမေရိကန်စီးပွားရေးသမား ဝီလီယံချီဆွန်ဦးဆောင်သည့်လုပ်ငန်းစုက စံချိန်တင် ဒေါ်လာ ၆ ဒသမ ၁ ဘီလျံဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
ဆဲလ်တစ်အသင်းကို အမေရိကန်စီးပွားရေးသမား ဂရို့စ်ဘက်ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံမှုအုပ်စုက ၂၀၀၂ ခုနှစ်တွင် ဒေါ်လာသန်း ၃၆၀ ဖြင့် ဝယ်ယူခဲ့သည်။
ယင်းနောက် (၂၃) နှစ်အကြာတွင် ယခုကဲ့သို့ စံချိန်တင်ပမာဏဖြင့် ပြန်လည်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပမာဏမှာ NBA သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်သလို မြောက်အမေရိကအားကစားလောကတွင် စံချိန်တင်ထားသည့် ၂၀၂၃ ခုနှစ်က NBA ကလပ် ၀ါရှင်တန်ကွန်မန်ဒါအသင်း၏ ဒေါ်လာခြောက်ဘီလျံဖြင့် ရောင်းချမှုကိုလည်း ကျော်ဖြတ်နိုင်ခဲ့သည်။
ဘော်စတွန်ဆဲလ်တစ်အသင်းသည် NBA ချန်ပီယံဆုကို စံချိန်တင် (၁၈) ကြိမ်အထိ ဆွတ်ခူးရရှိထားသည်။