Eleven Media Group

■ ပြီးခဲ့သည့်နွေက ဘာစီလိုနာအသင်းမှထွက်ခွာရန် နီးစပ်ခဲ့ကြောင်း ရာဖင်ညာ ဝန်ခံ

Photo: Getty Images

ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာက ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ၎င်းအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာရန် နီးစပ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၈) နှစ်အရွယ်ရှိ ရာဖင်ညာသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် အထူးခြေစွမ်းပြနေပြီး ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုကို ရရှိရန်ပင် ရေပန်းစားနေသည်။

သို့သော် ရာဖင်ညာက ၎င်းအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာရန် နီးစပ်ခဲ့ပြီး နည်းပြ ဟန်ဆီဖလစ်ခ်နှင့် ဖုန်းပြောဖြစ်ခဲ့ခြင်းကြောင့်သာ အသင်းတွင် ဆက်ရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရာဖင်ညာက "ကိုပါအမေရိကပြိုင်ပွဲအပြီးမှာ ပြဿနာတွေ တောက်လျှောက်ဖြစ်ခဲ့တာပါ။ မီဒီယာတွေက ရာဖင်ညာ ဘာစီလိုနာအသင်းက ထွက်လိမ့်မယ်။ ဘယ်အသင်းကို ပြောင်းလိမ့်မယ်ဆိုပြီး အမျိုးမျိုးဖော်ပြခဲ့ကြတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအချိန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါပြီ။ တစ်နေ့တော့ ဟန်ဆီဖလစ်ခ်က ကျွန်တော့်ဆီကို ဖုန်းဆက်ပြီး ဆုံးဖြတ်ချက်မချခင် အသင်းနဲ့အတူ လေ့ကျင့်ရေး လာလုပ်ပါဦးဆိုပြီး ပြောဆိုခဲ့ပါတယ်။ ပြီးတော့ သူက ကျွန်တော့်နဲ့ စကားပြောချင်ကြောင်း၊ ကျွန်တော့်ကို အားကိုးလည်း ပြောကြားခဲ့ပါတယ်။ အဲဒါကြောင့် ဘာစီလိုနာမှာ ကျွန်တော် ဆက်နေခဲ့တာပါ"ဟု ပြောကြားခဲ့သည်။

ရာဖင်ညာသည် ယခုရာသီတွင် ဘာစီလိုနာအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၄၂) ပွဲတွင် (၂၇) ဂိုးသွင်းကာ ဂိုးဖန်တီးမှု အကြိမ် (၂၀) အထိ ပြုလုပ်ပေးထားသည်။

မူရင်းသတင်း — Eleven Media Group