
ဂျော်ဂျီယာ - အာမေးနီးယား (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၈:၃၀ နာရီ)
ဒီဘက်နှစ်တွေမှာ ဂျော်ဂျီယာက သိသိသာသာတိုးတက်လာတယ်။ ယူရိုပြိုင်ပွဲမှာ ဝင်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲမှာလည်း မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့တာ တွေ့ရတယ်။ ခါဗာရာစကယ်လီယာ၊ မီကာအူတက်ဇီတို့ရဲ့ ဦးဆောင်မှုနဲ့ အာမေးနီးယား ကို နိုင်ပွဲယူလိမ့်မယ်။
ဟန်ဂေရီ - တူရကီ (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၁၁:၃၀ နာရီ)
ဟန်ဂေရီက ဆိုဘိုဆလိုင်း၊ ကာကစ်တို့လို ကစားသမားတွေနဲ့အတူ ဥရောပ ထိပ်တန်းအသင်းတွေစာရင်းထဲကို တိုးဝင် လာတာတွေ့ရတယ်။ အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေကိုလည်း ဒုက္ခပေးနိုင်တဲ့အသင်းမျိုး ဖြစ်တယ်။ တူရကီကလည်း မာကျောတဲ့အသင်းကောင်းတစ်သင်းဆိုပေမဲ့ အဝေးကွင်း သိပ်အားမကောင်းဘူး။ ဟန်ဂေရီကိုပဲ ကြိုက်တယ်။
ဆားဘီးယား - သြစတြီးယား (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၁၁:၃၀ နာရီ)
ဆားဘီးယားရဲ့ သြစတြီးယားနဲ့ ပွဲမတိုင်ခင် နောက်ဆုံးနိုင်ငံတကာပွဲတွေကိုကြည့်ရင် စပိန်ကိုပဲ ရှုံးပြီး ဆွစ်ဇာလန်ကို တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ဒိန်းမတ်ကို သရေကစားထားတာ တွေ့ ရတယ်။ သြစတြီးယားက နောက်ပိုင်းပွဲတွေမှာ အဝေးကွင်းမှာ နည်းနည်းရုန်းကန်နေရတာကို တွေ့ရတယ်။ လက်ရှိခြေစွမ်းနဲ့ လူအင်အားအရ ဆားဘီးယားကို ပိုကြိုက်တယ်။
စကော့တလန် - ဂရိ (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၁၁:၃၀ နာရီ)
စကောတ့လန်က ခရိုအေးရှား၊ ပိုလန်တို့လိုအသင်းတွေကိုတောင် အနိုင်ကစားနိုင်တဲ့ ခြေစွမ်းမျိုးကို နောက်ပိုင်းပွဲတွေမှာ မြင်တွေ့ခဲ့ရတယ်။ မက်ဂင်း၊ ခရစ္စတီး၊ တွမ်မီနေး၊ ဂေလ်မော်၊ ချယ်အဒမ်စ်တို့လို ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး လက်ရှိ ခြေ စွမ်းအရဆိုရင် အိမ်ကွင်းမှာ ဂရိကို စိုးရိမ်စရာမရှိပါဘူး။ ဂရိလည်း ခြေတက်နေပေမဲ့ စကော့တလန်ကို ကြိုက်တယ်။
အိုက်စလန် - ကိုဆိုဗို (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၁၁:၃၀ နာရီ)
လက်ရှိ အိုက်စလန်အသင်းက အရင်က ဥရောပအဆင့်အထိ တက်ခြေစွာခဲ့တဲ့ ဆီဂတ်ဒ်ဆန်တို့ အသင်းမျိုးလောက်အထိ မတောင့်ရင်တောင် ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေ သူတွေအများကြီး ပါဝင်နေပါတယ်။ ကိုဆိုဗိုကိုလည်း အိမ်ကွင်းမှာ အနိုင်ယူနိုင်စွမ်းရှိတယ်။
အိုင်ယာလန် - ဘူလ်ဂေးရီးယား (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၁၁:၃၀ နာရီ)
အိုင်ယာလန်အသင်းကတော့ ပရီးမီးယားလိဂ်နဲ့ လိဂ်ချန်ပီယံရှစ်မှာ ကစားနေတဲ့ ကစားသမား(၉၀)ရာခိုင်နှုန်းလောက်နဲ့ စုဖွဲ့ထားတဲ့အသင်းပါ။ ဒီဘက်နှစ်တွေမှာ သိသိသာသာ ခြေတက်လာတာကိုလည်း တွေ့ရတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ အိုင်ယာလန်ကို ကြိုက်တယ်။
ဘယ်လ်ဂျီယံ - ယူကရိန်း (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၂:၁၅ နာရီ)
ဘယ်လ်ဂျီယံက နည်းပြသစ် ရူဒီဂါစီယာလက်ထက်မှာ အပြောင်းအလဲတချို့ကို ပြန်တွေ့ရတယ်။ ကော်တိုအာ ပြန်ပါ လာသလို၊ ကစားသမားစာရင်းအရလည်း အထိုက်အလျောက် အင်အားတောင့်ပါတယ်။ ဘယ်လ်ဂျီယံရဲ့တိုက်စစ်နဲ့ ကွင်းလယ် အခင်းအကျင်းကို ယူကရိန်းမာကျောမှုနဲ့ တုံ့ပြန်ဖို့ ကြိုးစားမှာ ဖြစ်ပေမဲ့ မလွယ်ပါဘူး။ ဘယ်လ်ဂျီယံပဲ နိုင်မယ်။